ကျမတို့တောသူတောင်သားဆီကနေ ပြည်သူ့စစ်တပ်က ပိုက်ဆံကောက်တဲ့ကိစ္စ တာဝန်ရှိများကူညီပေးကြပါ

သို့-

သျှမ်းသံတော်ဆင့် အယ်ဒီတာ မှတဆင့်
ရှမ်းပြည်နယ်အစိုးရ ၊ ပြည်ထောင်စုအစိုးရသို့

ကျမ တို့ရွာဟာ လားရှိုးမြို့အရှေ့ဘက် မိုင် ၆၀ လောက်ဝေးပါတယ်။ လားရှိုး – မိုင်းယော် – မိုင်းကျက် အသွားလမ်း မိုင်းကျက်ရွာမ ကြီးရဲ့ အနောက်ဘက် ၉ မိုင်လောက်ဝေးပါတယ် ကျမတို့ရွာက။ တခြား ရွာတွေတော့ မသိဘူး။ ကျမတို့ ဒီအနီးအနား ရှိတဲ့ ရွာ သုံးရွာ (နားပုံ၊ ဟိုခိုင်း၊ ပိန်းဆိုင်း – မိုင်းကျက် အုပ်စုဝင်) – အိမ်ခြေ ၁၃၀ လောက်ရှိပါတယ်။ အဲဒါကို တအိမ် ကျပ် ၆ ထောင် ပေးရမယ် ဆိုပြီး ကေတီအေ ပြည်သူ့စစ်အဖွဲ့က လာရောက်ဆင့်ဆိုတယ်။ အဲဒီ ငွေခြောက်ထောင် က –

(၁) လူ အတွက် တအိမ် ကျပ် ၁ ထောင်၊
(၂) အိမ် အတွက်တအိမ် ကျပ် ၁ ထောင်၊
(၃) ယာ အတွက် တအိမ် ကျပ် ၁ ထောင်၊
(၄) လယ်တွက် တအိမ်ကျပ် ၃ ထောင် စုစုပေါင်း ကျပ်ခြောက်ထောင်ပေးရပါတယ်။

ဇွန်လ ဆန်းပိုင်းလောက်က လာရောက်ဆင့်ဆိုထားပြီး ၊ ဇွန် ၂၁ က မပေးမနေရ ဆိုပြီး လာကောက် သွားပါတယ်။

အခု ပိုက်ဆံ လာကောက်တဲ့တပ်က ကချင်ပြည်သူ့စစ် ကေတီအေ ၊ မိုင်းယော်တိုက်နယ် နောင်ဆမ်ပူးကျေးရွာ အခြေစိုက် တပ်မှူးကမ်ဆိုင်း ရဲ့ တပ်ဖွဲ့ဝင်တွေလို့သိရပါတယ်။

ကျမ တို့တောသူတောင်သားတွေက ပိုက်ဆံ လက်ထဲ မရှိဘူးလေ။ ဆီဖိုး၊ ဆားဖို့ အတွက် ဒီအချိန် မှိုရှာပြီး ရောင်းရတယ်။ တချို့အိမ်ဆို မိုးတွင်း စားစရိတ်အတွက် လောင်ထားတဲ့ ဆန်တွေ၊ ပြောင်းတွေ ရောင်းပြီး သူတို့ကိုပေးရပါတယ်။ ကျမတို့ကတော့ မွေးထားတဲ့ ကြက်ရောင်းပြီး ပေးရပါတယ်။ တောဆိုတော့ အချင်း ချင်းရောင်းစားလဲမရ မိုင်းကျက်ရွာမ ကို တက်ရောင်းရတယ်။ သူများ မလိုတဲ့ ချိန် သွားရောင်းတော့ စျေးလဲ နှိမ်ခံရပါတယ်။

ကျမတို့တောသူတောင်သားတွေ အတွက် အခက်အခဲ ရှိနေတဲ့ အကြောင်းကို နိုင်ငံတော် အုပ်စိုးတဲ့သူ တွေ သိစေချင်ပါတယ်။ ကျမ တို့ သက်သာအောင် ကူညီဆောင်ရွက်ပေးစေလိုပါတယ်ရှင်။

အခက်အခဲ ကြုံတွေ့နေရတဲ့

မိုင်းကျက်ရွာသူ ခလေး ၅ ယောက် မိခင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...