မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၂၈ ရက်)တွင်လည်း အပြန်အလှန် တိုက်ပွဲဖြစ်ပွားကြောင်း လားရှိုးမြို့နယ် မိုင်းကျက်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်းတွင် မိုင်းကျက်ရှိစစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်နေသည်ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် မိုင်းကျက်ရွာမှ ဒေသခံများက ပြောသည်။

“ညီနောင်မဟာမိတ်တပ်နဲ့ စစ်ကောင်စီတပ်တွေ မနေ့ညက တစ်ညလုံး ပစ်နေကြတာ၊ စစ်ကောင်စီ တပ်စခန်းတစ်ခုကို သိမ်းနိုင်တယ်ပြောတယ်။ ဒီမနက်ရောက်တော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ထပ်လာပစ်တော့ TNLA တပ်သားတွေ အများကြီး ကျတယ်။ စာသင်ကျောင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ TNLA တပ်သားတွေကို ရွှေ့နေကြတယ်။ စစ်ကောင်စီတပ်ဘက်ကလဲ ၁၄ ယောက်၊ ၁၅ ယောက်မက သေတယ်။ ဝမ်ကတ်နဲ့ ဝမ်လုံရွာသားတွေတော့ ဝမ်ကောင်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတယ်။ စစ်ဘေးရှောင် စုစုပေါင်း ၃၀၀ နီးပါးရှိတယ်”ဟု မိုင်းကျက်‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ လေကြောင်းပစ်ကူဖြင့် လာရောက်ပစ်ခတ်မှုကြောင့် မိုင်းကျက်ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ကာ ဝမ်ကောင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀ ခန့် လာရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။

ထို့အပြင် လက်ရှိသတင်းရေးသားနေသည့် ညနေ ၅ နာရီအချိန်အထိ ဝမ်ကတ်၊ ဝမ်လုံကျေးရွာအတွင်း TNLA တပ်သား ၃၀၀ ကျော်က ဝင်ရောက်နေရာယူထားသည်ဟုလည်း စုံစမ်းသိရသည်။

“မနက်တုန်းက ရွာသားတွေကို လိုအပ်တဲ့ပစ္စည်း ယူဖို့ဆိုပြီး ရွာထဲကို ပြန်ခိုင်းတယ်။ ယူပြီးရင် ဘုန်းကြီးကျောင်းကို ပြန်သွားပေါ့။ နေ့လယ်ပိုင်းရောက်တော့ ရွာသားတွေအကုန်လုံးကို ရွာထဲကထွက်ခိုင်းပြီး လုံခြုံတဲ့နေရာ သွားနေကြဖို့ TNLA တပ်ဖွဲ့က လာပြောတယ်။ တိုက်ပွဲက ဆက်ဖြစ်နေမယ့် သဘောရှိတယ်။ စစ်ကောင်စီတပ်ကတော့ သူတို့တပ်ထဲကနေ အပြင်ကို ထွက်လို့မရတော့ဘူ။ မနက်ခင်း တချိန်လုံး လေကြောင်းပစ်ကူနဲ့ပဲ လာတိုက်နေတာ။ ဒီနေ့ခင်း ၂-၃ နာရီကမှ အသံနဲနဲ ငြိမ်သွားတယ်”ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် မိုင်းကျက်ရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယခု စခန်းသိမ်းတိုက်ပွဲကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း ဒေသခံများက တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

မိုင်းယော်တိုက်နယ်အတွင်းရှိ မိုင်းကျက်အုပ်စုသည် လားရှိုးမြို့အရှေ့ဘက် မိုင် ၆၀ ခန့် ကွာဝေးပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ၊ KIA၊ TNLA နှင့် MNDAA တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် လားရှိုးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ ခန့်မှ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အထိ တိုးလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...