လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသခံများ လူ၊ ကား ချောဆွဲခံနေရ

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် မိုင်းကျက်အုပ်စုဘက်လှုပ်ရှားသည့်အစိုးရတပ်မတော်သည် ဒေသခံရွာသားများထံမှ ၀ါး၊ သစ်များဆင့်ဆိုခြင်း ကား၊ထော်လာဂျီများအား ချောဆွဲခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

Photo Credit to Lashio Youth

လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းကျက် အုပ်စု တွင်အခြေချသည့် အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၅ သည် မိုင်းကျက်ဒေသခံများထံမှ ကား၊ ထော်လာဂျီများ တရက်လျင် ၄ စီးဆင့်ဆိုချောဆွဲနေ ကြောင်း၊ မိုင်းယော်နှင့် မိုင်းကျက်ကြား ၀မ့်ခန် ၊ ပန်လျှော် ရွာဘက်ရှိ ၄င်းတို့တပ်စခန်းသို့ ပစ္စည်းများ တင်ပို့ပေးခိုင်းကြောင်း မိုင်းကျက်ဒေသခံ ဆန်စိုင်းဆာမ် ကပြောသည်။

“သူတို့ သုံးဖို့ ကား ၊ထော်လာဂျီတွေကို ၀မ့်လုံမိုင်းကျက် ကို နေ့တိုင်း စတန်းပိုင်သွားနေပေးရတယ်။ ကားသမားတယောက်ကို ပန်လျှော်က သူတို့စခန်းဆီပစ္စည်းပို့ခိုင်းတာ ၂၁ ရက်ကတည်းက သွားတယ် ၂၃ ရက်နေ့မှပြန်လွှတ်ပေးတယ် ” – ဟု ဆန်စိုင်းဆာမ် က သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်လျှော်ရှိ အဆိုပါတပ်စခန်းသည် ယခင်က ကောင်းခါး ကေတီအေ ပြည်သူ့စစ်စခန်းချ နေထိုင်ကြောင်း၊ အစိုးရတပ်မတော်မှ ၄င်းတို့ဌာနချုပ်ဖြစ်သော ကွတ်ခိုင်မြို့ရှိ ကောင်းခါးရွာအား ၀င်ရောက်စစ်ဆေးကာ မူးယစ်ချက်ရုံများအားသိမ်း ဆည်းလိုက်ပြီးနောက် ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ပန်လျှော်စခန်းအားလည်း အစိုးရတပ်က ၀င်ရောက်တပ်စခန်းချနေထိုင်ခဲ့ကြောင်း၊ ထို့ကြောင့် စခန်းပြုပြင်ဆောက်ရန်အ တွက်လိုအပ်သော သစ်၊ ၀ါးများ ပစ္စည်းများကို ဒေသခံများထံမှ ဆင့်ဆိုယူဆောင်နေကြောင်း မိုင်းယော်ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကပြောသည်။

ထိုသို့ လူထုမှ အဓမ္မလုပ်အား ပေးနေရမှုနှင့်ပတ်သက်ပြီး သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ စိုင်းဟော်ရှဲန်က – “လူထုအနေနဲ့တော့ ဒီလိုခံနေရတာ နှစ်ရှည်လများဖြစ်နေပြီ။ အစိုးရရဲ့တပ်မတော်ဘက်က ဖြူစင်တဲ့စေတနာသဘောထား ရှိရင် စားပွဲဝိုင်းမှာနိုင်ငံရေးဆွေးနွေးအဖြေရှာနိုင်မှ ဒီအခုလို လူထု အဓမ္မအခွင့်အရေးကျူးလွန်ခံနေရတာတွေကိုဖြေရှင်းနိုင်မယ်။ နိုင်ငံတကာဥပဒေနဲ့ဆိုရင်အခုလိုမျိုး တပ်မတော်က လူထုကိုလုပ်အားခိုင်းစေနေတာတွေဟာ စစ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်တာဘဲ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယခုလ ၈ ရက်နေ့ကလည်း အဆိုပါတပ်စခန်းသို့ တချောင်းလျင် ၅ ပေထက်မလျော့စေသော ၀ါးပိုး အချောင်း ၁၀၀ ၊ ပြီးခဲ့သည့် ၂၁ ရက်နေ့က အချောင်း ၁၀၀ ရွာသားများရှာပို့ရပြီးဖြစ်ကြောင်း ၊ထိုမျှမက တရွာလျှင် သစ် ၁၀ ချောင်း၊ သက်ကယ်၊ နှီးအစရှိသည်များ ဆင့်ဆိုသဖြင့် ပို့ဆောင်ပေးရပြီဖြစ်ကြောင်း မိုင်းကျက်ရွာသားများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...