ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် လူငယ်များအကြား စိုးရိမ်ပူပန်မှုများရှိနေသည်။

စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဉ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား မေလ ၁ ရက်နေ့စတင်ပြီး ယာယီပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“အခုကျနော်တို့ အချိန်တွေ၊ ပိုက်ဆံတွေ ကုန်ခံပြီးတော့မှ လေယာဉ်လက်မှတ်တွေ၊ ဗီဇာတွေ လုပ်ထားတယ်လေ။ အခုသွားမယ့်ရက်လည်း နီးလာပြီ။ တကယ့်တကယ်သွားရမယ် အခါကျမှ ပေးမသွားတော့ဆိုတော့။ ကျနော်တို့ မျှော်လင့်ချက်တွေလည်းမရှိတော့ဘူး။ အလကားအချိန်ကုန်၊ ပိုက်ဆံကုန်တာပေါ့” ဟု ပြည်ပထွက်ရန် စီစဉ်နေသည့် တောင်ကြီးမြို့ လူငယ်တစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်းသည်ဟုကြေညာထားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုမည်သည်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသေးပေ။

လက်ရှိ စစ်ကောင်စီမှ ကြေညာထားသည့် ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်မှုအကျုံးဝင်သူများမှာ MOU အလုပ်သမား (အမျိုးသားများ)၊ PJ passport ကိုင်ဆောင်ကာ အေဂျင်စီနှင့်ချိတ်ဆက်၍ အလုပ်ခေါ်စာဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်မည့်သူများ (အမျိုးသားများ) ဖြစ်သည်ဟု သိရသည်။

သိုပေမဲ့ PV passport အပါအဝင် အခြား passport အမျိုးအစားများကိုတော့ ပိတ်ပင်ကြောင်း လက်တလော ကြေညာထားခြင်းမတွေ့ရသေးပေ။

စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း အမြဲသလို၎င်းတို့မူဝါဒကို ပြုပြင်ရေးဆွဲနေတတ်သောကြောင့် ပြည်ပထွက်လူငယ်များလာပါက PV passport အပါအဝင် အခြား passport အမျိုးအစားများကိုလည်း ထပ်မံတားမြစ်ပိတ်ပင်နိုင်ကြောင်း လူငယ်များကပြောသည်။

“အခုကပြင်ပထွက်အလုပ်လုပ်တဲ့သူတွေကို ပေးမထွက်ဘူးလို့ပြောပေမဲ့ PV passport ကိုင်ပြီး ပြည်ပထွက်မယ့် သူတွေအပေါ်လည်း သက်ရောက်လာနိုင်တယ်။ အလုပ်သွားလုပ်မယ်ပဲပြော
ပြော၊ သွားလည်မယ်ပဲ ပြောပြော သူတို့ကန့်သတ်ချင်တော့သူတို့လုပ်မှာပဲ။” ဟု လွိုင်လင်မြို့ လူငယ်တစ်ဦးကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြား တရားဝင်နှင့် တရားမဝင်လမ်းကြောင်း နှစ်ခုစလုံးမှတဆင့် ပြင်ပနိုင်ငံများသို့ ထွက်ခွာနေစဉ် ယခုကဲ့သို့ ထပ်မံပိတ်ပင်လိုက်သဖြင့် လူငယ်များတရားမဝင်ထွက်ခွာမှု ပိုတိုးလာနိုင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက စစ်သင်တန်း အပတ်စဉ်တစ်ခုလျှင် လူ ၅,၀၀၀ နှုန်းဖြင့် ခေါ်ယူခဲ့ပြီး လက်ရှိတွင် အပတ်စဉ် ၂ ကို ဆက်လက်ခေါ်ယူနေသည်။

အလားတူ မေလ ၁ ရက်မှစတင်ပြီး နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေး လဝကမှ UID ခေါ် စမတ်ကတ်ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP/BP) များထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းစမတ်ကတ် ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီ ၄ ရက်၌ ထုတ်ပြန်ကြေညာထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...