ဆီဆိုင်စစ်ရှောင်များကို စစ်တပ်နှင့် PNO ဖိအားပေး အိမ်ပြန်ခိုင်း

သျှမ်းပြည် ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဘက် ဒေသခံများသည် တိုက်ပွဲများကြောင့် ဟိုပုံး၊တောင်ကြီး၊ညောင်ရွှေမြို့နယ်တို့တွင်းစစ်ရှောင်ကြရပြီး ယခုတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO က ဖိအားပေးပြီး အတင်းအဓမ္မ အိမ်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်များ မိမိနေအိမ် ပြန်မနေလျှင် အိမ်ချိတ်ပိတ်မည်၊ပိုင်ဆိုင်မှုနှင့် မြေယာများကို သိမ်းယူမည် ၊အိမ်မီးရှို့မည်ဆိုပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO က ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်းသိရသည်။

“အိမ်ပြန်ပြီး တစ်ချို့ဆိုမိုင်းနင်းမိတာရှိတယ်။အိမ်တွေမှာလည်း ပေါက်ကွဲတတ်တဲ့ စစ် ပစ္စည်းအရမ်းများတယ် အရမ်းကြောက်တယ်။တစ်ချို့ ရွာတွေဆို စစ်တပ်က လက်နက်ကြီးပစ်လာဆဲဘဲ”ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင် ဆီဆိုင်မြို့ တိုက်ပွဲ ဖြစ်ပွားပြီး၃လအတွင်းတွင် နေအိမ်ပြန်ကြည့်ရင်း၊ပစ္စည်း ပြန်သယ်ရင်း ဒေသခံလူငယ် ၆၀ကျော်လည်း ပျောက်ဆုံးနေပြီး တစ်ချို့လူငယ်များက အဖမ်းခံရပြီး ဗမာ စစ်တပ်ထဲ ၁၀သိန်းဖြင့် ရောင်းစားခံကြရကြောင်း သိရသည်။

“ကျမတို့ အိမ်နားက ကလေးတစ်ယောက်ဆို အိမ်ပြန်ကြည့်ပြီး အဖမ်းခံရတာ။ ဖမ်းခံရပြီး တစ်လကျော်ပျောက်သွားတယ်။ နောက်မ သူက သူမိသားစုဆီ ဖုန်းဆက်ပြန်တာ။ အဖွဲ့စည်းတစ်ခုက သူ့ကို ဖမ်းပြီး ဗမာတပ်ထဲရောင်းစားတာတဲ့ ။လူတွေအရမ်းကြောင်ဖို့ကောင်းတယ်။”ဟု ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောသည်။

ဆီဆိုင်မြို့ ခမရ၄၂၃တပ်နှင့် ၄၂၄တပ်ထဲတွင် လူတစ်ဦး ပို့နိုင်လျှင် ပိုက်ဆံကျပ်ငွေ ၁၀သိန်း ရရှိကြောင်း သိရသည်။

ပင်လောင်း၊ဟိုပုံး၊ဆီဆိုင်၊ညောင်ရွေ၊လွိုင်လင် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားသည့် ၃လအတွင်း ကရင်နီစစ်ရှောင်၅သောင်းအပါအဝင် ရှမ်းတောင် ဒေသခံတစ်သိန်းငါးသောင်း အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်းPa-O Hunam Rights Groupထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...