နန်းမိုဟွမ် ကိစ္စ လွှတ်တော်အတွင်းရောက်ရှိရန် ပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးထောက်ခံ

TNLA ဖမ်းဆီးသွားသည့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ကိစ ပြည်ထောင်စုလွှတ်တော် သို့ ရောက်ရှိရန် သျှမ်းပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးက လက်မှတ်ရေးထိုးထောက်ခံ သည်ဟုသိရ သည်။

Photo by SHAN/
နန်းမိုဟွမ်လွှတ်မြောက်ရေးတောင်းဆိုဖို့ လွှတ်တော်ကိုယ်စားလှယ်များ၏လက်မှတ်များကောက်ခံတင်ပြသူ မိုင်းရှူးလွှတ်တော်အမတ် စိုင်းလင်းမြတ်

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရ ရက်မြောက်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းလင်းမြတ်က အစည်းအဝေး တက်ရောက်သူ လွှတ်တော်ကိုယ်စားလှယ် များထံ လက်မှတ်ကောက်ခံခြင်းဖြစ်ကြောင်း၊ တက်ရောက်သူလွှတ်တော်အမတ် ၁၁၇ ဦး အနက် ၅၇ ဦး က ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ အဆိုပါလက်မှတ်များအား သျှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ထံသို့တင်ပြခဲဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သျှမ်းပြည်သားတွေဘဝ လုံခြုံမှုရှိဖို့အတွက်ဖြစ်တယ်။ နန်းမိုဟွမ်ကလည်း သျှမ်းပြည်လူထုတယောက်ဖြစ်တဲ့အတွက် ဘေးမသီရန်မခ ဘဲ အမြန်ဆုံးပြန်လည် လွှတ်မြောက်လာ အောင်ဆိုပြီးရည်ရွယ်ပါတယ် ” – ဟု မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းလင်းမြတ် က သျှမ်းသံတော်ဆင့်အားပြောသည်။

ကလေး ၃ ယောက်၏ မိခင်၊ နမ့်ခမ်းဒေသခံ သာမာန်အရပ်သူ နန်းမိုဟွမ်အား တအာင်းတပ်ဖွဲ ့TNLA မှ သြဂုတ်လ ၁၇ ရက်နေ့က နေအိမ်အထိ၀င်ရောက်ဖမ်းဆီးသွားခဲ့ရာ ယနေ့တိုင် ဆွေမျိုးမိဘများနှင့် ဆက်သွယ်ခွင့်မပေးခဲ့ပေ။
“ကျမတို့ သျှမ်းပြည်သားတယောက်အနေနဲ့ နန်းမိုဟွမ်ပြန်လွှတ်မြောက်ရေးအတွက် တောင်းဆိုဖို့ တာဝန်ရှိ တယ်။ ဒါကြောင့်လက်မှတ်ရေးထိုးလိုက်တယ်။ အဆင့်ဆင့်အထက်ကိုတင်ပြီးတော့ ဆက်လက်လုပ်ဆောင် ပေးရမှာက သျှမ်းပြည်နယ်အစိုးရ ဖြစ်တယ်။” – ဟု သန္နီ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထား ရီက သျှမ်းသံတော်ဆင့်အားပြောသည်။

နန်းမိုဟွမ်ပြန်လည်လွှတ်မြောက်ရေးအတွက်ကူညီဆောင်ရွက်ပေးရန်နှင့်ပတ်သက်သည့်အဆိုကို မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းလင်းမြတ်က စက်တင်ဘာလ ၁၉ ရက်နေ့က လွှတ်တော် အစည်းအဝေးအတွင်းတင်သွင်းရန်ကြိုးစားစဉ် လွှတ်တော်ဥက္ကဌကြီးက လက်မခံဘဲ ကိုယ်စားလှယ်များ ထောက်ခံမှုဖြင့် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမည်ဟုဆိုသည်။

နန်းမိုဟွမ်တို့အိမ်ဆိုင်အတွက် ၂၀၁၆ တွင် ကျပ်ငွေ ၃ သိန်း၊ ၂၀၁၇ တွင် ကျပ်ငွေ ၁၁ သိန်း အား TNLA မှ ကောက်ခံခဲ့ကြောင်း၊ ၂၀၁၇ ခု နှစ်အတွင်း အခွန်ကောက်ခံပြီးအပြန် TNLA တပ်သား ၂ ဦးသည် အစိုးရတပ်၏ ချောင်းမြောင်းပစ်ခတ်ခံရကာ တဦးသေ တဦးအရှင်ဖမ်းခံရသဖြင့် နန်းမိုဟွမ်မှ သတင်းပေးမှုကြောင့်ဟု စွပ်စွဲကာ ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု ၄င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် နန်းမိုဟွမ်အားလည်း ငွေဒဏ်အပြင် ထောင်ဒဏ် ၁၀ အထိ ကျခံဖွယ်ရှိသည့် ရာဇဓတ်ကြီးပုဒ်မ ၃၃၃ ဖြင့် TNLA မှ အရေးယူမည်ဟုလည်း ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။