လောင်းကစားဝိုင်းပိတ်ပင်ရှင်းလင်းရေးအဆို သျှမ်းပြည်နယ်လွှတ်တော်အတည်ပြု

သျှမ်းပြည်မြောက်ပိုင်းတွင် များပြားကျယ်ပြန့်လာသော လောင်းကစားဝိုင်းပြသနာ ကွင်းဆင်း ရှင်းလင်းပိတ်ပင် အရေးယူပေးရန် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုတင်သွင်းရာ ထောက်ခံဆွေးနွေးသူများဖြင့် လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။

Photo By SHAN/ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင်  သိန္နီမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် တင်းကြပ်တားဆီး ပိတ်ပင်အရေးယူပေးနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ လားရှိုးမြို့မှာ ကျမတို့ လက်ထောက်ကိုယ်စားလှယ် နဲ့ လူ ငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်။ အဲဒီ တက္ကသိုလ် ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နေရာကနေရလာတဲ့ အသံ တွေနဲ့ ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်။ လောင်းကစားဝိုင်းတွေဟာ အရင်ကဒီလောက်အများအပြား မရှိခဲ့ ဘူး။ ဒီနောက်ပိုင်းမှာမှ ပွဲလမ်းသဘင်အမျိုးမျိုးကနေ လောင်းကစားဝိုင်းထောင်ခဲ့ရာနေ လောင်းကစားဝိုင်း တွေ ကြီးမားကျယ်ပြန့်လာတာဖြစ်တယ်။ အခုဆိုရင်သိန္နီမြို့ထဲ ရောက်လာတာတော်တော် များလာပါပြီ ” – ဟု နန်းခင်ထားရီကပြောသည်။

ငါးမန်းဂိမ်းနှင့် အခြားလောင်းကစားများအား လူငယ်များစွဲမက်ကစားလေ့ရှိပြီး အဆိုပါလောင်းကစားဝိုင်း များရှိသည့်နေရာများတွင် မူးယစ်ဆေးဝါးများပေါများခြင်း၊ လူငယ်မျာအကျင့်စာရိတ္တကပျက်ပြားကာ ခိုးဆိုး လုယက်မှုများ ဓါးပြမှုများပြားလာခြင်း၊ အိမ်ထောင်သည်များလည်း အိမ်ထောင်မှုပြိုကွဲကာ လူမှု အသိုင်း အဝိုင်းဆုတ်ယုတ်နိမ့်ကျလာခြင်းများဖြစ်ပေါ်ကြောင်းလည်း သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှလူငယ် စိုင်းလျော ကပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ လွှတ်တော် စတုတ္ထနေ့တွင် ကွတ်ခိုင်မြို့နယ်ကိုယ်စားလှယ်နှင့် ကလောမြို့ နယ်ကိုယ်စားလှယ်များကပါ ထောက်ခံဆွေးနွေးသဖြင့် နန်းခင်ထားရီ၏အဆိုကို လွှတ်တော်က အတည်ပြု ခဲ့ပါသည်။
“လောင်းကစားဝိုင်းတွေကို တားဆီးပိတ်ပင်နိုင်ခြင်းမရှိရင် ၊ ထိရောက်စွာ အရေးမယူနိုင်မှုမရှိရင် မလိုလားအပ်တဲ့ပြသနာတွေဖြစ်ပေါ်လာနိုင်ပြီးတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို ထိခိုက် စေမယ် ’’ ဟု ဒေါ်နန်းခင်ထားရီ က ပြော သည်။

ပြီးခဲ့သည့်မေလက မူစယ်မြို့တွင် ဖြစ်ပွါးခဲ့သော လောင်းကစားရုံစီးနင်းတိုက်ခိုက်ခံရမှုမှ အပြစ်မဲ့ဒေသခံလူထုပါ ဓါးစာခံ ဖြစ်ရကာအသက်ဆုံးရှုံးမှုဖြစ်ရသည်မှာ သက်သေသာဓကဖြစ်ရကြောင်း ၄င်းက ပြောသည်။

လွှတ်တော်အစည်းအဝေး သို့ ကိုယ်စားလှယ် ၁၄၃ ဦးအနက် ၁၁၈ ဦးတက်ရောက်ခဲ့ပြီး နန်းခင်ထားရီ၏ အဆိုကို ကိုယ်စားလှယ်များအားလုံးက သဘောတူထောက်ခံကြကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။