လာမယ့်လွှတ်တော်မှာအမျိုးသမီးအမတ်တွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လာစေလို

လက်ရှိ နိုင်ငံရေးတွင် အမျိုးသမီးများပါတီဝင်မှု အခြေအနေများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် အမျိုးသမီး၏အခန်းကဏ္ဍများအတွက် အစိုးရ၏ဆောင်ရွက်ချက်များ အားရကျေနပ်ဖွယ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ဒါရိုက်တာ နန်းမွန်းကိန်အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက မေးမြန်းထားပါသည်။

မေး – ရှမ်းပြည်နယ်က အမျိုးသမီးတွေနိုင်ငံရေးရေချိန်တက်လာပြီလို့ပြောလို့ရလား။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှုနှုန်းကရော အရင်ကထက်စာရင် အားကောင်းလာသလား။ အားနည်းသွားသလား။ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ  – အရင်တုန်းကျွန်မတို့ ရှမ်းအမျိုးသမီးတွေရဲ့ အခြေအနေက ဒီစစ်ပဋိပက္ခ ကြားထဲမှာ နှစ်ပေါင်း ၆၀ ကျော်မှာ နေထိုင်လာခဲ့ရတာပေါ့။ ရှမ်းပြည်နယ်မှာရော မြန်မာနိုင်ငံမှာပါ ဖိုဝါဒတွေကြီးစိုးတဲ့ အခြေအနေတွေရှိခဲ့တယ် ။ ဒါပေမဲ့ ဒီဖိနှိပ်မှုတွေ ကြားထဲ ကျွန်မတို့ ရုန်းကန်လှုပ်ရှားလာခဲ့တယ်။  ကျွန်မတို့ ဒီ (SWAN) စတင်တည် ထောင်လာတာ နှစ် ၂၀ ရှိပြီ။ အရင်တုန်းကနဲ့ အခုနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုတော်တော်များများ ပွင့်လင်းလာတဲ့ အပိုင်းတွေမှာ ရှိတယ်။ အမျိုးသမီးတွေ ပိုပြီး လုပ်ဆောင်လာနိုင်တဲ့ အခန်းကဏ္ဍတွေ ရှိလာပြီလို့ ပြောလို့ရလာပြီ ။ အရင်တုန်းက အာဏာရှင် စနစ်ကနေပြီးတော့မှ အခုဒီမိုကရေစီ လမ်းစဉ်အတိုင်းကို လျှောက် လှမ်းနေတဲ့ချိန်မှာ အမျိုးသမီးအခန်းကဏ္ဍတွေပိုပြီးဖော်ဆောင်လာဖို့အတွက် အခွင့်အလမ်းတွေ ရှိလာပြီလို့ပြောလို့ရတယ်။

မေး – ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်အမတ်တွေ ပါဝင်မှုနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုရှိပြီလား။

ဖြေ – အမျိုးသမီးလွှတ်တော်အမတ်တွေ ပါဝင်လာနိုင်ဖို့က နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍအရေးကြီးတယ်။ ဒီနိုင်ငံရဲ့ ဥပဒေတွေအတိုင်းကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို ပံ့ပိုးပေးနိုင်တဲ့ အခြေအနေတွေမှာ အရမ်းကို အားနည်းတယ်။ ဒါ အစိုးရဘက်က ပံ့ပိုးမှုမှာလည်းပြည်နယ်ဖြစ်စေ တိုင်းဒေသကြီးဖြစ်စေ အားနည်းတယ်။

ဒီ ၂၀၂၀ ရွေးကောက်ပွဲကိုကြည့်မယ်ဆိုရင် SNLD ပါတီဟာဆိုရင် အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာဖို့အတွက် ကျား – မတန်းတူရေးနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စနစ်တွေကို ပါတီထဲမှာ ကျင့်သုံးလာ လုပ်လာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် လောင်းတွေ အများကြီးဝင်ရောက် ယှဉ်ပြိုင်လာနိုင်တာကို တွေ့ရတယ် ။ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေပိုမိုပါဝင်လာတာကြည့်ခြင်းအား ဖြင့် အမျိုးသမီးရေး အခန်းကဏ္ဍမှာ ဝင်ရောက်လုပ်ဆောင်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်။ အရင်တုန်းက ရှမ်းပြည်နယ် လွှတ်တော်ထဲမှာ အရင်က အမျိုးသမီးလွှတ်တော်အမတ် ခြောက်ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ၁၃ ရာခိုင်နှုန်းလောက်ပိုပြီးတိုးတက်လာတာတွေ့ရတယ်။ အမျိုးသမီးတွေပိုမိုပါဝင် လာတဲ့အတွက် ပိုပြီးတော့မှ ပြောနိုင်ဆိုနိုင်တဲ့ အားတွေများလာမယ်လို့ ကျွန်မတို့ ယုံကြည်တယ်။

မေး – လက်ရှိအစိုးရအနေနဲ့ အမျိုးသမီးအခန်းကဏ္ဍတွေ ဖော်ဆောင်တဲ့နေရာမှာ အားနည်းချက်၊ အားသာချက်က ဘာတွေလဲဆိုတာ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ – မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် ဥပဒေတွေပေါ့။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် မှုတားဆီးကာကွယ်ရေးဥပဒေဆိုရင် တော်တော်များများ အားနည်းနေတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် မှုတားဆီးကာကွယ်ရေးဥပဒေဆိုရင် အခုထက်ထိ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အပိုင်းတွေ ရှိတယ် ။ဥပဒေ အနေနဲ့ ဖြစ်ပေါ်လာတာ မျိုးမရှိသေးဘူး ။ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အတွက် တရားမျှတမှု အပိုင်း တွေမှာ ရင်ဆိုင်ရဖို့အတွက် အရမ်းခက်ခဲတယ် ။ တရားစီရင်ရေး အပိုင်းနဲ့ ဥပဒေဘောင်အတွင်း ကြည့်မယ်ဆိုရင်၊ ကလေးသူငယ်နဲ့အမျိုးသမီး အကြမ်းဖက်မှုခံနေရတဲ့ Case ကိုကျွန် မတို့ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ Case အရမ်းကို အားနည်းတယ်။ တရားမျှတ မှုဖော်ဆောင်နိုင်တဲ့ အပိုင်းမှာ အရမ်းကို အခက်အခဲဖြစ်နေတုန်းပဲ ။ အစိုးရက ဥပဒေတွေ ထိထိရောက်ရောက် ဖြစ်လာအောင် မစွမ်းဆောင်နိုင်သေးဘူး။

မေး – လက်ရှိအမျိုးသမီး လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရမှုရှိလား။ မရှိရင် ဘာလိုအပ်နေသေးလဲဆိုတာကို ဖြည့်စွက်ပြောကြားပေးစေလိုပါတယ်။

ဖြေ – ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ရှမ်းပြည်လွှတ်တော်မှာ အမျိုးသမီးအမတ် ခုနစ်ဦး ထွက်ပေါ်လာတယ် ။ သူတို့တွေဟာနယ်မြေဒေသကို အခြေခံပြီးကိုယ်စားပြုတယ်။ နယ်မြေဒေသထဲမှာ ဖြစ်ပျက် နေတဲ့ အခြေအနေ တွေကိုလဲ ရင်ဆိုင်ပြီး ဖြေရှင်းပေးတဲ့ အခန်းကဏ္ဍတွေမှာ တော်တော်လေးလုပ်ဆောင်နိုင်ခဲ့ ကြတယ်လို့ ကျွန်မမြင်တယ်။

မေး – ရှမ်းပြည်နယ်က အမျိုးသမီးတွေအတွက် လာမယ့်အစိုးရလက်ထက်မှာ ဘယ်လိုအခန်းကဏ္ဍတွေကို မြင့်တင်ဆောင်ရွက်ပေးဖို့လိုမလဲ။

ဖြေ – အမျိုးသမီး အခန်းကဏ္ဍတွေ ပိုမို မြှင့်တက်လာဖို့အတွက်ဆိုရင် အခု ကုလသမဂ္ဂ မှာ ချမှတ်ထားတဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောက်စီ ဆိုတာရှိတယ်။ အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်မှာ ဘယ်လိုမျိုးပါဝင်လာနိုင်မလဲ။ တကယ့်ကို ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လာဖို့ လိုအပ် တယ်။ အရေအတွက်များပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်ခွင့်မပေးဘူးဆိုရင် ဘာမှမထူးဘူး။ အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ အမျိုးသမီး အခွင့်အရေးကို ကျင့်သုံးနိုင် ဖို့အတွက် လုံလောက်တဲ့ ဥပဒေတွေ ချမှတ်ပေးဖို့ ၊ အမျိုးသမီးတွေ စစ်ပဋိပက္ခ မှာ ကျူးလွန်ခံရတာတွေ မဖြစ်ဖို့ ကြိုတင် ကာကွယ် တားဆီးရေး မူဘောင်တွေ ချမှတ် ပေးဖို့ လိုအပ်တယ်။

(ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ကို ထိုင်း – မြန်မာနယ်စပ်တွင် ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။  ၁၉၉၆ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် အလယ်ပိုင်းကို ဖြတ်လေးဖြတ် ကျင့်သုံးသဖြင့် ရှမ်းပြည်နယ်ရှိ ကျေးရွာပေါင်း ၁၄၀၀ မှ ပြည်သူ သုံးသိန်းကျော်သည် စစ်ဘေးရှောင်အဖြစ် ထိုင်း – မြန်မာနယ်စပ်သို့ ထွက်ပြေးကြရပြီး ဒုက္ခသည်အဖြစ် ခံယူခဲ့ရာ ၎င်း စစ်ရှောင်ဒုက္ခသည်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များအား ဆောင်ရွက်ကူညီပေးခဲ့သည့် အမျိုးသမီး ၄၀ ဦးက SWAN အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...