လွှတ်တော် အတည်ပြု ပြဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေ သက်ဝင်မှု အားနည်းနေဆဲ

သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေသည် အသက်ဝင်မှု အားနည်းနေကြောင်း သျှမ်းပြည်နယ် လွှတ်တော်အမတ် နန်းစံဟွမ် က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများပြည်သူ နှင့် သက်ဆိုင်သော ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သက်ဆိုင်ရာ ဌာန အဆင့်ဆင့်သို့ ဖြန့်ဝေပေးရန် အစီစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း ကို နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) နန်းစံဟွမ် က ယနေ့ စက်တင်ဘာ (၄) ရက်တွင် သျှမ်းလွှတ်တော်တွင်း မေးမြန်းခဲ့သည်။

“မြို့နယ်အဆင့်ထိ လက်လှမ်းမှီ မရောက်ရှိသေးတော့ ဒီဥပဒေတွေဟာ အသက်ဝင်မှု အားနည်းနေသေးတယ်။ ကျမတို့ ဥပဒေ အကာအကွယ်ကို ကျမတို့ ပြည်သူတွေ ရဖို့အတွက် အခက်ခဲရှိနေသေးတယ်။ အဲ့ဒါကြောင့် ဒီမေးခွန်း မေးလိုက်တာပါ။” လွှတ်တော်အမတ် နန်းစံဟွမ် ကပြောသည်။

လွှတ်တော်တွင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြည်နယ်အဆင့်တွင် ဖြန့်ဝေထားပြီး ဖြစ်ပေမယ့် မဖြန့်ဝေ ရသေးတဲ့ ဥပဒေများလည်း ရှိနေသေးကြောင်း သျှမ်းပြည်နယ် ဥပေဒချုပ် ဦးတင်ဦး က လွှတ်တော်တွင်း ပြန်လည် ဖြေကြားခဲ့သည်။

“ပြည်သူတွေ လိုက်နာတယ်ဆိုတာထက် ဌာနဆိုင်ရာတွေ အကုန်လုံး မသိသေးတဲ့အခြေအနေတွေဖြစ်နေတယ်။ အဲ့ဒါကြောင့်မလို့ ဒီဥပဒေ အသက်ဝင်ဖို့ ဆိုတာ အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် ဌာန ဆိုင်ရာတွေက အဆင့်ဆင့်ဖြစ်နေတယ်။ မြို့နယ် ဌာနဆိုင်ရာ အဆင့်ဆင့်မရောက်သေးတာကို ပြောချင်တယ်” ဟု လွှတ်တော်အမတ် နန်းစံဟွမ် ကပြောသည်။

ပြည်နယ်အဆင့်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြန့်ဝေပြီးခဲ့ပေမယ့် မြို့နယ် အဆင့်မှာတော့ လက်လှမ်းမှီ မရောက်သည့်အတွက် မြို့နယ်အဆင့်ထိ ရောက်ရန်အတွက် တွန်းအားပေးသည့် သဘောဖြစ်ကြောင်း လွှတ်တော်အမတ် နန်းစံဟွမ် က ထပ်လောင်းပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်တွင် အများ ပြည်သူ နှင့် သက်ဆိုင်သော ဥပဒေ အတည်ပြု ပြဋ္ဌာန်းရာမှာ (၁၃) ခု ဝန်းကျင် ရှိကြောင်း သိရသည်။

အတည်ပြု ပြဋ္ဌာန်းခဲ့သော အများပြည်သူများ နှင့် သက်ဆိုင်သည့် ဥပဒေသည် သဘာဝ ရေထွက်တော ရေထိန်းတော နှင့်ဆိုင်သော ဥပဒေ၊ အခြေခံ ပညာကျောင်းများနှင့် ဆိုင်သော ယုံကြည့်စိတ်ချရသည့် အစားအသောက် ဥပဒေ၊ ကြက်မွေးမြူရေး ဥပဒေ နှင့် မြေယာခွန် ဥပဒေ စသည်တို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ

0
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက်...

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...