မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။

ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့ (မတ်လ ၂၃ ရက်) ညသန်းခေါင်ယံ အချိန်တွင် သွားရောက်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အလုပ်ရှင် တောင်းဆိုသည့် ငွေကြေးပမာဏကို ပေးချေကာ အမျိုးသမီးငယ် (၃) ဦးအား ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းက ပြောသည်။

“ကလေးမလေးတွေ ပြောပုံအရ ပွဲစားက ရိုးရိုးအနှိပ်ခန်းလို့ပဲ ပြောတာ။ ဒါပေမယ့် ရောက်သွားတဲ့အခါကျတော့ အဲ့ဒီအလုပ်မဟုတ်ဘဲ ပြည့်တန်ဆာအလုပ်ကို အတင်းခိုင်းတာပေါ့။ သူတို့ကလည်း သဘောမတူလို့ ငြင်းခဲ့ကြတာ” ဟု လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါအမျိုးသမီးငယ် (၃) ဦးသည် အလုပ်အကိုင်ရှာဖွေပေးသည့် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ကာ နေပြည်တော်မှ မူဆယ်မြို့ရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မူဆယ်မြို့သို့ ရောက်ရှိသည့်အခါတွင် အလုပ်ရှင်ဖြစ်သူက ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ပြည့်တန်ဆာအလုပ်များကို လုပ်ကိုင်ရန် အဓမ္မဖိအားပေး စေခိုင်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်များသည် မူဆယ်သို့ ရောက်ရှိပြီး (၃) ရက်အတွင်း၌ ယခုကဲ့သို့ အဓမ္မစေခိုင်းမှုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့က ထိုအလုပ်ကို လုပ်ကိုင်ရန် ငြင်းဆန်ခဲ့သဖြင့် အလုပ်ရှင်ဖြစ်သူက လမ်းစရိတ်နှင့် ကြိုတင်ကုန်ကျစရိတ်များကို အကြောင်းပြကာ ငွေကျပ် (၁,၇၂၀,၀၀၀) တစ်ဆယ့်ခုနစ်သိန်းနှစ်သောင်း ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက်ဖက်ညွှန့်လူမှုကူညီရေးအသင်း၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် ကယ်တင်ခဲ့သော အမျိုးသမီးငယ်များအား မြင့်မြတ်ပါရမီအသင်းရုံး၌ ခေတ္တစောင့်ရှောက်ထားပြီး ၎င်းတို့၏ နေရပ်ဖြစ်သော နေပြည်တော်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အခုသူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကတော့ ကောင်းပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိထားတာတော့ မရှိဘူး။ ကျနော်တို့ ကောင်းကောင်းမွန်မွန်နဲ့ ကူညီပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

နယ်စပ်ဒေသများရှိ အလုပ်အကိုင် အခွင့်အလမ်းများကို အကြောင်းပြ၍ လူကုန်ကူးသူများနှင့် ပွဲစားများက ယခုကဲ့သို့ လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း လူမှုကူညီရေးအသင်းများက သတိပေးထားသည်။

အထူးသဖြင့် လစာကောင်းမွန်ခြင်းနှင့် အသန့်အလုပ်ဟူသော မက်လုံးများနောက်သို့ မလိုက်ကြရန်နှင့် အလုပ်မသွားမီ သေချာစွာ စုံစမ်းစစ်ဆေးကြရန် တိုက်တွန်းထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြားပြီး အမျိုးသမီးငယ်များကို စစ်ဆေးမေးမြန်းနေသလို လူကုန်ကူးသူ ပွဲစားနှင့် ဆိုင်ရှင်တို့အား ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း ရှိ၊ မရှိကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...