Tuesday, January 27, 2026

ကျေးသီး အရပ်သား(၂)ဦးကျည်ထိမှန်သည့်အပါ် သျှမ်းတပ်(၂)တပ် အပြန်အလှန်ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတွင် တစ်လကျော် ဖြစ်ပွားသည့် သျှမ်း တပ် (၂) တပ် တိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရှိပြီး ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။

အဆိုပါ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြား အရပ်သား ပြည်သူ (၂) ဦး ကျည်ဆန်ထိမှန်ရသည့် ကိစ္စနှင့် ပက်သက်ပြီး သျှမ်းတပ်(၂)တပ်လုံး အပြင်လှန် ငြင်းဆိုမှုနေကြောင်း သတင်းရရှိသည်။

ကျေးသီးမြို့နယ်ရှိ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တိုက်ပွဲတွင် အရပ်သားပြည်သူ ကျည်ဆန် ထိမှန်ရသည့် ကိစ္စနှင့် ပက်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ၎င်းတို့ဖက်ပစ်ခတ်ရခြင်းမဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့တပ်က နေရာယူထားတဲ့နေရာက ရွာနဲ့ နှစ်မိုင်ခန့်ဝေးနေ တဲ့ တောင်ကုန်းပေါ် မှာဆိုတော့ အဲ့မှာရွာသားတွေ မရှိပါဘူး၊ တကယ်လို့ ရွာသားတွေဖက်က ထိခိုက်မှု ဖြစ်သွားတယ်ဆိုရင် ဒါက ကျနော်တို့ကို ချီတက်တိုက်ခိုက်လာတဲ့ ဘက်ကပဲ လုပ်ဆောင်တာ ဖြစ်လိမ့်မယ်” ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်ဟွန်းတောင်ကြော တိုက်ပွဲအနီးပတ်ဝန်းကျင်ရှိ ရွာသားကျည်ဆန်ထိမှန်မှုသည် ၎င်းတို့ကို ချီတက် တိုက်ခိုက်လာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လက်ချက်သာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တပ်စွဲထားတဲ့နေရာက ရွာမရှိတော့ ရွာသားတွေကို ထိခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ (SSPP/ SSA) က ကျနော်တို့ကို တိုက်တယ်ဆိုတာ သူတို့က ရွာထဲမှာ နေရာယူပြီးတော့ ကျနော်တို့ဆီကို ချီတက် လာတာ၊ အဲ့ကြောင့် ရွာသားတွေက ကျည်ထိမှန်တယ်ဆိုတာ သူတို့လက်ချက် ဖြစ်ဖို့များပါတယ်၊ သူတို့ ဖက်က တာဝန်ယူမှုရှိရမယ်” ဟု ၎င်းက ပြောသည်။

သို့သော် အဆိုပါ လွယ်ဟွန်းတောင်ကြော တိုက်ပွဲအနီး အရပ်သားပြည်သူ ကျည်ဆန်ထိမှန်သည့် ကိစ္စသည့် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်းလည်း သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ထပ်မံ ငြင်းဆိုခဲ့သည်။

“ကျနော်တို့ တပ်သားက ပစ်တာ မဟုတ်ပါဘူး၊ တကယ်လို့ ကျနော်တို့တပ်သားက ပစ်တယ်ဆိုရင် တော့ လေးနက်စွာ တာဝန်ယူမှု တာဝန်ခံမှု ရှိပါတယ်၊ ပြည်သူတွေကို ထိခိုက်နစ်နာစေဖို့ ကျနော်တို့တပ်သားတွေကို လုပ်ခွင့် မပေးပါဘူး” ဟု SSPP/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းတပ်(၂)တပ်ကြောင့် အရပ်သား(၂)ဦး ကျည်ထိမှန်ခဲ့ကာ တဦးကို SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ပြုလုပ်ပေးနေကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

“နားထွန်ကျေးရွာက အမျိုးသားတစ်ဦးက ကျည်ထိမှန်ထားတာကို ကျနော်တို့က ဝမ်ဟိုင်းဆေးရုံမှာ ကုသမှုစရိတ် အားလုံးခံပေးပြီး ဆေးကုပေးနေပါတယ်၊ ဒါကြောင့် ကျနော်တို့ဘက်က ပြည်သူတွေကို မတရားမှုမလုပ်ဘူးဆိုတာ ရှင်းလင်းသိစေချင်ပါတယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ကျေးသီးမြို့နယ်တွင်း တစ်လကျော်ကြာသည်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယနေ့တွင် ငြိမ်သက် သွားပြီ ဖြစ်သဖြင့် စစ်ဘေးတိမ်းရှောင် နေရသည့် ပြည်သူများအနေဖြင့် နေရပ်ပြန်လိုပါက ပြန်နိုင်ပြီ ဖြစ်ကြောင်းလည်း ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် သျှမ်းတောင်ပိုင်းတွင် စစ်ဘေးရှောင် (၃၇၀၀)ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြားပျက်စီးမှုရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် (၁၀၅) မိုင် ကလေး နှင့် အမျိုးသမီး ကျည်ထိမှန်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးတစ်ဦးနှင့်အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၃...

နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ

0
သျှမ်းပြည် လဲချားမြို့နယ် လဲချား - မိုင်းနောင် ကားလမ်းပေါ်ရှိ ဝမ်တင်းလီကျေးရွာသစ်တွင် နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ရကြောင်း ကော်မတီက လူမှုကွန်ရက်ပေါ်၌ ကြေညာချက်အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် ဝမ်တင်းလီကျေးရွာမှ ကော်မတီတစ်ဦးက (Wan Mai Duen Le)...

သျှမ်းတပ် (၂) တပ် ကြောင့် လဲချားမြို့နယ် ရွာပျက်ထိဖြစ်လာ

0
သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရွာပျက်ဖြစ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက်သို့...

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး...