နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ

သျှမ်းပြည် လဲချားမြို့နယ် လဲချား – မိုင်းနောင် ကားလမ်းပေါ်ရှိ ဝမ်တင်းလီကျေးရွာသစ်တွင် နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ရကြောင်း ကော်မတီက လူမှုကွန်ရက်ပေါ်၌ ကြေညာချက်အရ သိရသည်။

ဝမ်တင်းလီ စာသင်ကျောင်း

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် ဝမ်တင်းလီကျေးရွာမှ ကော်မတီတစ်ဦးက (Wan Mai Duen Le) ဆိုသည့် အကောင့်မှတစ်ဆင့် လူမှုကွန်ရက်ပေါ်၌ “နယ်မြေဒေသအတွင်း မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ကြောင်း“ ကြောညာခဲ့ခြင်း ဖြစ်သည်။

“၂၀၂၃ -၂၀၂၄ ခုနှစ် ပညာရေးအတွက် ကြိုတင်ပြင်ဆင် ရေးဆွဲထားတဲ့ ကွန်ဗျုတာသင်တန်း၊ အင်္ဂလိပ်စာ (4 Skill) ၊ ထိုင်းစာ၊ သျှမ်းစာ သင်တန်းတွေကို နိုင်ငံရေး အခြေအနေ နဲ့ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် ကျောင်းဖွင့်ဖို့အတွက်၊ သင်ကြားဖို့အတွက် ရပ်ဆိုင်းလိုက်ရကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အခြေအနေ ကောင်းမွန်လာတဲ့နေ့မှ ပြန်ပြီး ဖွင့်လှစ်သွားမယ်လို့ ပညာရေးအတွက် ထောက်ပံ့၊ ပံ့ပိုးပေးနေသူ အားလုံးကို အကြောင်းကြားပါတယ် “ ဟု လူမှုကွန်ရက် စာမျက်နှာပေါ်၌ သျှမ်းစာ နှင့် ရေးသား ဖော်ပြထားသည်။

ဝမ်တင်းလီ စာသင်ကျောင်း

ဝမ်တင်းလီကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လဆန်းပိုင်းက ဖြစ်ပွားသည့် ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် ပေါ်ပေါက်လာသည့် ကျေးရွာအသစ်တစ်ခု ဖြစ်သည်။

အဆိုပါ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ကလေးများအတွက် ပညာရေး မဆုံးရှုံးစေရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကော်မတီဖွဲ့စည်းပြီး စာသင်ကျောင်းကို ဖွင့်လှစ်လာရခြင်း ဖြစ်ကြောင်း သိရသည်။

ပိတ်သွားသည့် စာသင်ကျောင်း

“ ဒီ ၂၀၂၃ ခုနှစ် ပညာရေးအတွက် ကျောင်းက ပိတ်သွားပြီ။ အရင်နှစ်ကတော့ ဖွင့်တာပေါ့။ ဒီစာသင်ကျောင်းကလည်း သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဖွင့်လာရတာ။ တကယ်လို့ အခြေအနေ မတည်ငြိမ်တာကြောင့် စာသင်ကျောင်းတွေ မဖွင့်နိုင်ရင်တော့ နေမယ့်သူလည်း မရှိလောက်တော့ဘူး။ များသော အားဖြင့် မူလနေရပ်ကို ပြန်ရင်ပြန်သွားမယ်၊ မပြန်ရင် ထိုင်းတို့၊ တရုတ်တို့ကို သွားကြမှာပေါ့ “ ဟု လဲချားမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ဖြစ်ပွားသည့် ကျေးသီးမြို့နယ်ရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဇူလိုင် ၁၁ ရက်နောက်ပိုင်း နားတွန်ကျေးရွာ၊ ကုန်းပိုက်ကျေးရွာ၊ ကုန်းကန်ကျေးရွာရှိ ဒေသခံတချို့ ဝမ်တင်းလီရွာသို့ လာရောက်ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...