လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ဒေသခံများ၏ ခြံ

ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ၎င်းတို့ လှုပ်ရှားသွားလာသည့် နေရာ နှင့် စခန်းချနေထိုင်သည့် နေရာတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် လက်ရှိ ဒေသခံ တောင်သူများ ကောက်ပဲသီးနှံ စိုက်ပျိုးရန် နှင့် တောင်ယာ အလုပ်အကိုင် စတင်ရန်အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း လဲချားမြို့ခံတောင်သူတစ်ဦးက ပြောသည်။

“ အခုချိန်ကာလမှာ ကျနော်တို့ တောင်သူတွေကြတော့ ပြောင်း၊ ပဲပုတ်တွေ၊ မြေပဲတွေ စိုက်ဖို့ လယ်ထွန်ရမယ့် အချိန်လေ။ အဲ့လိုတွေ စိုက်ဖို့အတွက် ခြံတွေရှင်းရမယ်၊ ထွန်စရာရှိတာ ထွန်ရမယ်။ မိုးရွာရင် ဒါတွေက လုပ်လို့ မရတော့ဘူး။ အခု အဲ့ခြံဖက်မှာလည်း အရင်က စစ်သားတွေ ရောက်တယ်။ သူတို့ မြှုပ်ထားတဲ့ မိုင်းတွေကလည်း အခုပြန်ပြီး သိမ်းသွားပြီလားတော့ မသိရဘူး။ ခြံသွားရင် မိုင်းနင်းမိမှာကို ကြောက်နေတယ် “ ဟု ၎င်းက ပြောသည်။

ဒေသခံများ၏ ခြံ

အဆိုပါ ပြောင်း၊ ပဲပုတ်၊ မြေပဲ စသည့် ကောက်ပဲသီးနှံများ ရာသီအလိုက် မိုးရာသီအချိန်တွင် စိုက်ပျိုးရ သောကြောင့် အကယ်၍ နောက်ကျပြီး စိုက်ပျိုးရပါက ကောက်ပဲသီးနှံ ဖြစ်ထွန်းချိန်မှာ အထွက်နှုန်းနည်းမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

“ စိုက်ပျိုးတယ်ဆိုတာလည်း သူ့ရာသီနဲ့အတူ စိုက်ပျိုးရတယ်လေ။ သူ့ရာသီအချိန်နဲ့အမှီ မစိုက်ပျိုးနိုင်ရင်လည်း ကောက်ပဲသီးနှံ ကောင်းကောင်းတွေ မရတော့ဘူး။ အထွက်နှုန်းလည်း နည်းတယ်။ မရှုံးရင်တောင်မှ အထွက်နှုန်း များများရဖို့ထက် နည်းနည်းပဲရတော့တာပေါ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် သျှမ်းတပ် (၂) တပ် အနေဖြင့် ဒေသခံပြည်သူ သွားလာလှုပ်ရှားသည့် နေရာတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်း မပြုလုပ်ရန် နှင့် ထိုသို့ ပြုလုပ်ထားပါက ဒေသခံပြည်သူကို အသိပေးစေလိုကြောင်းလည်း ၎င်းက တောင်းဆိုထားသည်။

ထို့အပြင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စလိုင်းလွယ်၊ မက်လန်း၊ နမ့်မော်မွန်၊ ဝမ်နောင်ဟွမ်၊ ဟဲဆိုင် နှင့် ဝမ်လုတ်ရွာမှ ဒေသခံပြည်သူ ၄၀၀ ကျော် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...