ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။

အဆိုပါ တိုင်ပွဲများအပြီးတွင် ဒေသခံ၏ စိုက်ပျိုးရေးခြံ ၊ တောင်ယာ နှင့် ကျေးရွာများတွင် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် ဗုံးသီးများ ကျန်ရစ်နေပြီး လက်ရှိအချိန်ထိ ဒေသခံများက PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ ပြောင်းစိုက်ခင်းတွေမှာတော့ မြေမြုပ်မိုင်းတွေက ရှိနေသေးတယ်။ မိုင်းကွဲပြီးသား နေရာတွေမှာတော့ ပုံမှန်တိုင်း စိုက်ပျိုးရေးတွေ ဆက်လုပ်နေကြတယ်။ကျန်နေတဲ့ မိုင်းတွေကို သူတို့က ဒီတိုင်းလာ မရှင်းပေးဘူး။ သူတို့ကို လာရှင်းပေးခိုင်ရင် တစ်နေရာကို ၅ သိန်းပေးပြီးရှင်းခိုင်းရတယ်။” ၎င်းအမျိုးသမီးကဆိုသည်။

စစ်ကော်မရှင်တပ် နှင့် PNO တပ်တို့ မြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက် မြေမြုပ်မိုင်းရှင်းလင်းရေးများ ပြုလုပ်ခဲ့သော်လည်း စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် ပြောင်းစိုက်ခင်းအချို့တွင် စစ်လက်နက်အကြွင်းအကျန်မြေမြုပ်မိုင်းများ ကျန်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“တချို့နေရာတွေမှာ ရှိနေသေးတယ်။ အဓိကတော့ ပြောင်းခင်းတွေမှာရှိနေတာပေါ့။ဒါကြောင့် ပြည်သူတွေ စိုက်ပျိုးရေးပြန် မလုပ်ရဲတာ။အဲ့ မိုင်းတွေကိုလာ ရှင်းခိုင်ရင်လည်း ၅ သိန်းဆိုတော့ ခြံရှင်တွေက မတက်နိုင်လို့ ဒီတိုင်းပစ်ထားရတဲ့ ခြံတွေရှိတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါ တောင်ယာနှင့် စိုက်ခင်းများတွင် ကျန့်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ဒေသခံများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အန္တရာယ်များနေကြောင်းသိရသည်။

ထို့အပြင် တဖက်တွင်လည်း ကုန်ဈေးနှုန်းမြှင့်တက်ခြင်း၊ စက်သုံးဆီအခက်ခဲများကြောင့် စိုက်ပျိုးလုပ်ငန်းများ ပိုမိုခက်ခဲလာနေကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ဖိအားပေးခြင်းကြောင့် နေရပ်ပြန်သည့် ပြည်သူအချို့ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရသူများရှိသည်။

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုသည် ကျေးရွာအနီးနှင့် လူအများဖြတ်သန်းသွားလာ အသုံးပြုသည့် လမ်းများ၊ စားကျက်နေရာများ၊စိုက်ပျိုးရေး တောင်ယာများအတွင်း အများဆုံး ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဧပြီလ ၅ရက်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီး၌ ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် စစ်လက်နက်အကြွင်းအကျန် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...