Wednesday, January 28, 2026

သျှမ်းတပ် (၂) တပ် ကြောင့် လဲချားမြို့နယ် ရွာပျက်ထိဖြစ်လာ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရွာပျက်ဖြစ်နေရကြောင်း စုံစမ်းသိရသည်။

လဲချား ရပ်ကွက် (၆) ရှိ စစ်ရှောင်စခန်း

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက်သို့ ထောင်ချီထွက်ပြေးတိမ်းရှောင်ကာ ရွာပျက်ဖြစ်ရသည့်အထိ ရှိလာကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရွာပျက်ဖြစ်နေသည့် ရွာများမှာ ကုန်းယိမ်းရွာ (ဝၢၼ်ႈၵုင်းယိုဝ်း) ၊ ဟူးဟိုင်းရွာ (ဝၢၼ်ႈႁူ့ႁႆး) နှင့် ကျိကျော့ကျေးရွာ (ဝၢၼ်ႈၸီ့ၸေႃ့) တို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာဆိုရင်တော့ ကုန်းယိမ်းရွာ (ဝၢၼ်ႈၵုင်းယိုဝ်း) ၊ ဟူးဟိုင်းရွာ (ဝၢၼ်ႈႁူ့ႁႆး) နှင့် ကျိကျော့ကျေးရွာ (ဝၢၼ်ႈၸီ့ၸေႃ့) တို့က ရွာတွေပျက်နေပြီ၊ လူနေလည်း မရှိဘူး၊ လယ်ယာတွေလည်း လုပ်သူမဲ့သွားပြီ။ ရွာသားတွေကလည်း ထိုင်းဘက်ရောက်တဲ့သူ၊ မြို့ပေါ်မှာပဲ အဆင်ပြေသလို နေတဲ့သူတွေနဲ့ ရွာတွေ ဘက်ကို ဘယ်သူမှ မပြန်ရဲဘူး” ဟု လဲချားစစ်ရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကြရန် ခေါ်ဆောင်နေကြသော်လည်း ရွာထဲ ပြန်လည်ရောက်ရှိချိန် ရွာပြင် ပြန်ထွက်ရန် မလွယ်ကူလှသည့်အတွက် ရွာသားများက မပြန်ရဲခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံဘက် စစ်ရှောင်ထွက်ပြေး လာသည့် စစ်ရှောင်များသည် တရားမဝင် လမ်းကြောင်းမှ ဝင်လာကြသည့်အတွက် ထိုင်းရဲများ ဖမ်းဆီးခြင်းကို ခံရသူ ၄ ဦးထက် မနည်း ရှိနေကြောင်း လည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။

“ထိုင်းဘက်သွားတဲ့ တစ်ယောက်ကဆိုရင် ထိုင်းရဲဖမ်းတာခံရပြီးတော့ ၂ လ ထောင်ဒဏ်ကျခံရတယ်။ တခြား ၃ ယောက်လည်း ရှိသေးတယ်၊ ကျနော်တို့ မသိရဘဲနဲ့ ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိမှာပဲ။ ပြည်သူတွေက ဒီဘက်မှာတော့ မနေရဲကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

Photo – add fang life (ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား)

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့မှ မလိခရိုင်၊ မယ်အိုင်းမြို့နယ် အတွင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲသတင်းစာမျက်နှာ Add Fang Life က ထုတ်ပြန်ထားသည်။

လက်ရှိ လဲချားမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ရှောင်များ ဝါဆိုကျောင်းတိုက်တွင် ၈ ဦး နှင့် ဆွေမျိုးရှိရာ မှီခိုနေထိုင်ကြသည့် စစ်ရှောင်များကလည်း ၎င်းတို့ ကျေးရွာဘက်တွင် သေနတ်သံများ ကြားနေရသည့်အတွက် နေရပ်မပြန်ရဲသေးသည့် ပြည်သူများ အများအပြား ရှိနေကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်နေရသေးသည့် ပြည်သူများသည် ဟဲဆိုင်ကျေးရွာအုပ်စု (ဢိူင်ႇဝၢၼ်ႈႁၢႆးသႅင်)၊ ဝမ်ထီကျေးရွာ အုပ်စု ၊ ပန်ဆန်းကျေးရွာအုပ်စု ၊ ဝမ်ဆန်းကျေးရွာ အုပ်စု၊ ဝမ်ကျယ် ကျေးရွာ အုပ်စု၊ နားပွဲ ကျေးရွာအုပ်စု နှင့် နောင်ကော်ကျေးရွာအုပ်စုတို့က စစ်ဘေးရှောင်များ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနစ်တွင်လည်း သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်အတွင်း ရွာပျက်များရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...