သျှမ်းတပ် (၂) တပ် ကြောင့် လဲချားမြို့နယ် ရွာပျက်ထိဖြစ်လာ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရွာပျက်ဖြစ်နေရကြောင်း စုံစမ်းသိရသည်။

လဲချား ရပ်ကွက် (၆) ရှိ စစ်ရှောင်စခန်း

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက်သို့ ထောင်ချီထွက်ပြေးတိမ်းရှောင်ကာ ရွာပျက်ဖြစ်ရသည့်အထိ ရှိလာကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရွာပျက်ဖြစ်နေသည့် ရွာများမှာ ကုန်းယိမ်းရွာ (ဝၢၼ်ႈၵုင်းယိုဝ်း) ၊ ဟူးဟိုင်းရွာ (ဝၢၼ်ႈႁူ့ႁႆး) နှင့် ကျိကျော့ကျေးရွာ (ဝၢၼ်ႈၸီ့ၸေႃ့) တို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာဆိုရင်တော့ ကုန်းယိမ်းရွာ (ဝၢၼ်ႈၵုင်းယိုဝ်း) ၊ ဟူးဟိုင်းရွာ (ဝၢၼ်ႈႁူ့ႁႆး) နှင့် ကျိကျော့ကျေးရွာ (ဝၢၼ်ႈၸီ့ၸေႃ့) တို့က ရွာတွေပျက်နေပြီ၊ လူနေလည်း မရှိဘူး၊ လယ်ယာတွေလည်း လုပ်သူမဲ့သွားပြီ။ ရွာသားတွေကလည်း ထိုင်းဘက်ရောက်တဲ့သူ၊ မြို့ပေါ်မှာပဲ အဆင်ပြေသလို နေတဲ့သူတွေနဲ့ ရွာတွေ ဘက်ကို ဘယ်သူမှ မပြန်ရဲဘူး” ဟု လဲချားစစ်ရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကြရန် ခေါ်ဆောင်နေကြသော်လည်း ရွာထဲ ပြန်လည်ရောက်ရှိချိန် ရွာပြင် ပြန်ထွက်ရန် မလွယ်ကူလှသည့်အတွက် ရွာသားများက မပြန်ရဲခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံဘက် စစ်ရှောင်ထွက်ပြေး လာသည့် စစ်ရှောင်များသည် တရားမဝင် လမ်းကြောင်းမှ ဝင်လာကြသည့်အတွက် ထိုင်းရဲများ ဖမ်းဆီးခြင်းကို ခံရသူ ၄ ဦးထက် မနည်း ရှိနေကြောင်း လည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။

“ထိုင်းဘက်သွားတဲ့ တစ်ယောက်ကဆိုရင် ထိုင်းရဲဖမ်းတာခံရပြီးတော့ ၂ လ ထောင်ဒဏ်ကျခံရတယ်။ တခြား ၃ ယောက်လည်း ရှိသေးတယ်၊ ကျနော်တို့ မသိရဘဲနဲ့ ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိမှာပဲ။ ပြည်သူတွေက ဒီဘက်မှာတော့ မနေရဲကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

Photo – add fang life (ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား)

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့မှ မလိခရိုင်၊ မယ်အိုင်းမြို့နယ် အတွင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲသတင်းစာမျက်နှာ Add Fang Life က ထုတ်ပြန်ထားသည်။

လက်ရှိ လဲချားမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ရှောင်များ ဝါဆိုကျောင်းတိုက်တွင် ၈ ဦး နှင့် ဆွေမျိုးရှိရာ မှီခိုနေထိုင်ကြသည့် စစ်ရှောင်များကလည်း ၎င်းတို့ ကျေးရွာဘက်တွင် သေနတ်သံများ ကြားနေရသည့်အတွက် နေရပ်မပြန်ရဲသေးသည့် ပြည်သူများ အများအပြား ရှိနေကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်နေရသေးသည့် ပြည်သူများသည် ဟဲဆိုင်ကျေးရွာအုပ်စု (ဢိူင်ႇဝၢၼ်ႈႁၢႆးသႅင်)၊ ဝမ်ထီကျေးရွာ အုပ်စု ၊ ပန်ဆန်းကျေးရွာအုပ်စု ၊ ဝမ်ဆန်းကျေးရွာ အုပ်စု၊ ဝမ်ကျယ် ကျေးရွာ အုပ်စု၊ နားပွဲ ကျေးရွာအုပ်စု နှင့် နောင်ကော်ကျေးရွာအုပ်စုတို့က စစ်ဘေးရှောင်များ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနစ်တွင်လည်း သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်အတွင်း ရွာပျက်များရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...