Friday, April 26, 2024

ကျည်ထိမှန်

မူဆယ် (၁၀၅) မိုင် ကလေး နှင့် အမျိုးသမီး ကျည်ထိမှန်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးတစ်ဦးနှင့်အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၃...

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပင်လောင်း ဒေသခံအမျိုးသမီးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ မနက် ၁၁ နာရီဝန်းကျင်တွင် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး ၇ နှစ်နှင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် ဖလိုင်တောင်ခြေ...

ကျေးသီး အရပ်သား(၂)ဦးကျည်ထိမှန်သည့်အပါ် သျှမ်းတပ်(၂)တပ် အပြန်အလှန်ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတွင် တစ်လကျော် ဖြစ်ပွားသည့် သျှမ်း တပ် (၂) တပ် တိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရှိပြီး ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အဆိုပါ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြား အရပ်သား...

RCSS နှင့် SSPP တိုက်ပွဲကြား အမျိုးသမီး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စု ဝမ်းအစ်‌ကျေးရွာ RCSSနှင့် SSPP တိုက်ပွဲကြား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် နေ့လည်ပိုင်းတွင် လယ်ယာသွားရောက်အလုပ်လုပ်နေသည့် အသက် (၅၀) အရွယ်ရှိ နန်းနွမ်းသည် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် သူမ၏ တင်ပါး...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နို၀င်ဘာလ ၁၄ ရက် ယနေ့မနက် ရ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့...

နမ္မတူမြို့အတွင်းတိုက်ပွဲကြောင့် ရွာသား တဦး ကျည်စထိမှန် သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ပွဲသည် မတ် ၂၂ ရက်မှ စတင်ဖြစ်ပွါးကာ ယမန်နေ့ မတ် ၂၃ ရက်ထိ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...

Latest news