ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

Photo – Sin Li Tu ၏ ဗီဒီယိုကလစ်မှ SS ရိုက်ထားသည် – နို၀င်ဘာလ ၁၄ ရက််မနက်ပိုင်းက ဖြစ်ပွါးသောတိုက်ပွဲကြောင့် နမ့်ဖတ်ကာ ရင်ကွဲတောင်မှ ခရီးသွားကားများ ပြန်လှည့်သွားကြပုံ

နို၀င်ဘာလ ၁၄ ရက် ယနေ့မနက် ရ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ ကွတ်ခိုင်မြို့ နယ် လွိုင်ဆမ်ဆစ် တောင်ခြေ အနီးတွင် တိုက်ပွဲဖြစ်ပွါးရာ အမျိုးသား ၂ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရရှိကာ ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင် ဆေးကု ရကြောင်း ကွတ်ခိုင် ပြည်သူ့ဆေးရုံ အုပ် ဒေါ်ဝင့်ဝင့်မြိုင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ အမျိုးသား ၂ ယောက်ပါ။ အသက် က ၁၈၊ ၁၉ လောက်ဘဲရှိမယ်ထင်တယ်။ တယောက်ကတော့ လည်ပင်းမှာ တချက်၊ နောက်တယောကက်တော့ နောက့်စေ့မှာ ထိပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ဒေါ်ဝင့်ဝင့်မြိုင် ကပြောသည်။

အလားတူယမန်နေ့ ကလည်း TNLA နှင့် မြန်မာ့ တပ်မတော်တို့ နမ့်ဖတ်ကာ အနီး မိုင်းယုနှင့် ဟိုမုန်းကျေးရွာ ကြားတိုက်ပွဲဖြစ်ပွားရာတွင် သံဃာတော်တပါး နှင့် အမျိုးသား တဦး ကျည်ထိမှန်ခဲ့ကြောင်း နမ့်ဖတ်ကာ မေတ္တာရှင် လူမူကူညီရေး အသင်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo Credit – နို၀င်ဘာလ ၁၄ ရက်မနက်ပိုင်းက ဖြစ်ပွါးသောတိုက်ပွဲကြောင့် နမ့်ဖတ်ကာ ရင်ကွဲတောင်မှ ခရီးသွားကားများ လမ်းတွင်ရပ်နားထားရ

ကျည်ထိမှန်သည့်သံဃာတော်သည် သက်တော် ၄၅ နှစ်ခန့်ရှိပြီး၊ အမျိုးသားမှာ အသက် ၃၅နှစ်ကျော်ရှိကြောင်း သိရသည်။

“သူတို့ ၂ ဦးက ပေါင်မှာထိတော့ သိပ်စိုးရိမ်စရာမရှိဘူး။ မနေ့က ကျနော်တို့မူဆယ်ဆေးရုံ ပို့လိုက်တယ်။ သက်သာသွားပြီ။ သူတို့ ၂ ဦးက လမ်းပိတ်ထားတာ မသိပဲ သွားတော့ ပစ်ခံရတာပါ” ဟု နမ့်ဖတ်ကာ မေတ္တာရှင် လူမှု ကူညီရေးအသင်းက တာဝန်ရှိသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့သည် နေ့စဉ် တိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သိရသည်။

“ မနေ့က ဖြစ်တဲ့ တိုက်ပွဲ က ကျနော်တို့ TEC ကျောင်းဝင်းထဲ လက်နက်ကြီးကျတယ်။ ကျောင်းဝင်းထဲမှာ ၁လုံး၊ ကျောင်းပြင်နားမှာ ၂ လုံးကျတယ်။ ကလေးတွေတော့ မသိဘူး” ဟု ကွတ်ခိုင် တအာင်း စာပေ၊ယဉ်ကျေးမှု ဥက္ကဌ မိုင်းအိုက်မွန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးများထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ကလေးများ ထိတ်လန့်မှု ရှိနေကြောင်း၊ ပြည်သူနှင့် နီးသည့်နေရာတွင် တိုက်ပွဲများမပြုလုပ်ကြစေလိုကြောင်းလည်း မိုင်းအိုက်မွန်က ပြောသည်။

ယနေ့ မနက် ပိုင်း ရ နာရီ အချိန်ခန့်တွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့သည် ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာတွင် တကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် ၂ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...