RCSS နှင့် SSPP တိုက်ပွဲကြား အမျိုးသမီး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စု ဝမ်းအစ်‌ကျေးရွာ RCSSနှင့် SSPP တိုက်ပွဲကြား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် နေ့လည်ပိုင်းတွင် လယ်ယာသွားရောက်အလုပ်လုပ်နေသည့် အသက် (၅၀) အရွယ်ရှိ နန်းနွမ်းသည် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် သူမ၏ တင်ပါး ကျည်းထိမှန်ခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

“ အဲ့နေ့ က နန်းနွမ်း က လယ်သွားကြည့်တာ။ လယ်သွားကြည့်တဲ့ချိန်မှာတော့ တိုက်ပွဲမဖြစ်ဘူးပေါ့။ လယ်ထဲရောက်ပြီးမှ သူတို့ သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်တာ။ အဲ့မှာ နန်းနွမ်း ရဲ့ တင်ပါး ကျည်ထိသွားတယ်” ဟု ၎င်း ကဆိုသည်။

ကျည်ဆံထိမှန်းခံရသည့် အမျိုးသမီးကို လက်ရှိတွင် မည်သည်ဆေးရုံတွင် ဆေးကုသနေရသည့်ကို အတိအကျ မသိရသေးပေ။

“ စဖြစ်တော့ သူတို မိုင်းနောင်ဆေးရုံးခေါ်သွားတယ်။ မိုင်းနောင်က ဆရာဝန်မရှိတော့ ကျေးသီး။ ကျနော် ကျေးသီး လိုက်သွားကြည့်တော့ ခိုလမ်ဆေးရုံကို ပို့လိုက်ပြီးလို့ပြောတယ်။ ကျနော်တို့လည်း အခုချိန်ထိ ဘယ်မှာရှိနေတာလဲ တော့ တိကျမသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အလားတူ ဇူလိုင် ၄ ရက်နေ့တွင် အသက် (၃၀) စိုင်းစံအောင်သည်လည်း လယ်သွားကြည့်ချိန်တွင် သေနတ် ပစ်ခံခဲ့ရ ကြောင်းသိရသည်။

အဆိုပါ စိုင်းစံအောင်သည် လက်ရှိတွင် မည်သည်ဆေးရုံးတွင် ဆေးကုသမှုခံယူနေသည်ကို မသိရှိရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူက ဆိုသည်။

“ သူကို ဘယ်နားခေါ်သွားကုလဲတော့မသိရဘူး။ ပြန်လာတာလည်း မတွေ့ရသေးဘူး။ ဝမ်းဟိုင်ကိုခေါ်သွားတယ်လို့ ပြောပေမယ့် သတင်းတော့ဘာမှ မကြားရသေးဘူး” ဟု စစ်ရှောင် ကူညီပေးနေသည့်သူက ပြောသည်။

ကျေးသီးမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့တိုက်ပွဲကြောင့် ကျညထိမှန်သူ (၂)ဦးရှိခဲ့ပြီး၊ စစ်ဘေးရှောင် ( ၂၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...