နမ္မတူမြို့အတွင်းတိုက်ပွဲကြောင့် ရွာသား တဦး ကျည်စထိမှန် သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

Photo by Numtu Youth/ ကျည်ထိမှန် သေဆုံးသူ ဆန်ခါရွာက လုံးတလိန်းနှင့် ၄င်း၏အလောင်းအားတင်ဆောင်လာသော ထော်လာဂျီအားတွေ့ရစဉ်

အဆိုပါတိုက်ပွဲသည် မတ် ၂၂ ရက်မှ စတင်ဖြစ်ပွါးကာ ယမန်နေ့ မတ် ၂၃ ရက်ထိ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ စစ်ရေး တင်းမာနေကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။

“ ကျည်ထိမှန်တဲ့သူက ဆန်ခါရွာက အသက် ၆၀ ကျော် လုံးတလိန်း ပါ။ ကျည်ကတော့ နံရိုးနေရာ ထိတယ်။ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု သေဆုံးသူကို လိုက်ပါကူညီပေးသည့် မန်စံ က စိုင်းကျော်က ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မတ်၂၃ ရက် တွင် လုံးတလိန်း နှင့် ၄င်း၏မြေးသည် ကျေးရွာတွင် ရဟန်းခံ ရှင်ပြုပွဲနှင့် ကျောင်းရေစက်ချပွဲအတွက် မန်စံစျေးနေ့တွင် ခေါက်ဆွဲသွားဝယ်ရာ အပြန်လမ်းတွင် ကျည်ဆံထိမှန် သေဆုံးခဲ့ကြောင်း စိုင်းကျော် က ပြောသည်။

“ သူ့မြေးက အသက် ၁၇ နှစ်အရွယ်ပေါ့။ သူတို့ ဆန်ခါရွာက တိုက်ပွဲဖြစ်နေတဲ့ မိုင်းမု ကျေးရွာကို ဖြတ် ပြီးမှ ရောက်တော့။ ကြားမှ ကျည်ထိသွားတာပါ။ အလောင်းကိုတော့ နမ္မတူ ရင်ခွဲရုံပို့ထားတယ်” ဟု စိုင်းကျော် က ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းတိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ် ပွားမှုကြောင့် စစ်ဘေးရှောင် ၁၅၀ ခန့်သည် နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် RCSS နှင့် SSPP တို့ အကြား ပဋိပက္ခ များ အမြန်ရပ်တန့်နိုင် အတွက် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ထားရန် လည်း မတ် ၂၁ ရက်နေ့တွင် RCSS ထုတ်ပြန် ကြေညာခဲ့သည်။

အလာတူ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ကလည်း SSPP အထက်ခေါင်းဆောင်များက ဒေသအသီးသီးရှိ တပ်ဖွဲ့တပ်သားများအား တိုက်ပွဲများ ရပ်တန့်ရန် ဆင့်ဆိုညွှန်ကြားခဲ့သဖြင့် ပစ်ခတ်မှုရပ်စဲထားရကြောင်း သိရသည်။

တိုက်ပွဲများ ရပ်ဆိုင်းထားရန် ထုတ်ပြန်ခဲ့ကြပေမယ့် လက်နက်ကိုင်များမှာ စစ်အင်အား များ ဆက်တိုက်တို့ချဲ့မှုများပြုလုပ်နေသည်ကိုလည်း ဒေသခံများပြောဆိုချက်အရ သိရသည်။

ထို့အပြင် မတ် ၂၁ ရက်နေ့တွင် နေပြည်တော်တွင် အပစ်ခတ်ရပ်စဲရေးသဘောတူညီ (NCA) မထိုးရသေးသည့် အဖွဲ့ ၈ ဖွဲ့ နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်ေးရး ဗဟိုဌာန NRPC တို့တွေ့ဆုံခဲ့ကြသေးသည်။

“ အထက်မှာတော့ ငြိမ်းချမ်ေးရးလို့ပြောကြပေမယ့် မြေပြင်မှာ တိုက်ပွဲတွေဖြစ် စစ်ဘေးတွေ ရှောင် နေရတယ်။တိုက်ပွဲတွေ ဖြစ် ပြည်သူတွေပဲ ခံစားရတာပါ။ တိုက်ပွဲတွေ ရပ်စေချင်ပြီ” ဟု မန်စံ သို့စစ်ဘေး ရှောင်လာသည့် အမျိုးသားတဦးက ပြောသည်။

နယ်မြေစိုးမိုးရေး ပြသာနာ ကြောင့် သျှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် ၂၀၁၈ နှစ်နှောင်းပိုင်း မှ စတင်ကာ လက်ရှိ အချိန်ထိ သျှမ်းပြည် မြောက်ပိုင်းတွင် ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...