ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး ၇ နှစ်နှင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့နယ်မှ စစ်ကောင်စီလက်နက်ကြီးကြောင့်ကျည်ထိမှန်သည့်ကလေးနှင့်အမျိုးသားတစ်ဦး

ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် ဖလိုင်တောင်ခြေ ကျေးရွာမှ လူနေထိုင်မရှိသည့် နေအိမ်တလုံးကို လက်နက်ကြီးထိမှန်ကာမီးလောင် ပျက်စီး သလို လယ်ထွန်ကျေးရွာထဲမှ နေအိမ်ခြံဝန်းတလုံးထဲ လက်နက်ကြီးထိမှန်ကာ အသက် (၇)နှစ်အရွယ်ကလေး နှင့် အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးကျည်စမှန်ခဲ့ကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဖလိုင်တောင်ခြေ က နေအိမ်တစ်လုံး ပျက်စီးသွားတယ်။ အိမ်ထဲမှာ လူတွေမရှိတော့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ လယ်ထွန်ကျေးရွာကတော့ အရပ်သား ၂ဦးထိတယ်။ တစ်ယောက်က ၇ နှစ်အရွယ် ပဲရှိသေးတယ်။ ထပ်တစ်ယောက်က အသက် ၃၀ ရှိပြီး။ သူကတော့ နားတွေသိပ်မကောင်းဘူး” ဟု ဖယ်ခုံမြို့နယ် နယ်တွင်းလှည့်လည်ကူညီပေးနေသည့် ကျန်းမာရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးစထိမှန်သည့် အသက် ၃၀ အမျိုးသားသည် ခြေသလုံးဖောက်ထွင်းဒဏ်ရာ နှင့် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ၇ နှစ်အရွယ်ကလေးသည် ဝဲဘက်ပေါင်ရင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ထို အရပ်သား ၂ ဦးကို နယ်တွင်းလှည့်လည်နေသည့် ကျန်းမာရေးအဖွဲ့က လွှတ်မြောက်နယ်မြေ ပို့ဆောင်ထားပြီး ဆေးကုသပေးထားကြောင်းသိရသည်။

ထိုအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် ခြိမ်းခြောက်မှုကြောင့် ဖယ်ခုံမြို့နယ်အတွင်း နယ်လှည့်လည် နေသည့် ကျန်မားရေးအဖွဲ့ ကားလည်း ထိမှန်ပြီးပျက်စီးသွားကြောင်းသိရသည်။

“ ကျနော်တို့ကားလည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားတယ်။ အဲကားနဲ့ပဲ လူနာတွေကိုကူညီပေးနေတာ” ဟု ၎င်းတို့အဖွဲ့က ပြောသည်။

ထို့အပြင် ဖလိုင်တောင်ခြေကျေးရွာ နှင့် လယ်ထွန်ကျေးရွာ ဒေသခံများက စစ်ဘေးရှောင်နေကြပြီး အချို့သည် ကျေးရွာတွင်းသို့ ပြန်လာနေထိုင်ကြပြီး စပါးပြန်လာရိတ်သိမ်းကြခြင်း အချို့က နေအိမ်ကို သန့်ရှင်းရေးလာလုပ်ကြောင်း သိရသည်။

“ တစ်ချို့က စစ်ဘေးရှောင်စခန်းတွေမှာပဲနေတာ။ တစ်ချို့က ပြန်လာကြတယ်။ လာကြတာဆိုလည်း မဖြစ်မနေပြန်လာတာ။ စပါးပြန်လာရိတ်သိမ်းတဲ့သူတွေနဲ့ အိမ်တွေ ပြန်လာကြည့်ပြီး သန့်ရှင်းရေး ပြန်လာလုပ်ကြတာ” ဟု ဖယ်ခုံမြို့နယ် ဒေသခံက ပြောသည်။

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် မကြာခဏ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်လေ့ရှိသည့် နေရာဒေသ တစ်ခုဖြစ်သည်။

အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်မှု ခဏငြိမ်လာသဖြင့် ပြည်သူများက ပြန်လာနေကြပြီးနောက်ပိုင်း နိုဝင်ဘာ ၉ရက်မှစတင်ကာ ဖယ်ခုံမြို့နယ်အနောက်ဘက်ကမ်း လအိကျေးရွာထဲတွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ၈ နှစ်အရွယ်ကလေး တစ်ဦး နှင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...