Tuesday, January 27, 2026

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပင်လောင်း ဒေသခံအမျိုးသမီးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျည်ထိမှန်သေဆုံးသွားသည့်အမျိုးသမီး

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ မနက် ၁၁ နာရီဝန်းကျင်တွင် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်စလုံးရွာ ဒေသခံ အမျိုးသမီးသေဆုံးသွားခဲ့ကြောင်းသိရသည်။

“ တောင်စလုံးရွာက နေအိမ် ၄ အိမ်လောက်ထိသွားတယ်။ အမျိုးသမီးတစ်ယောက်လည်း ထိသွားတယ်။ စစ်ကောင်စီက တိုက်ပွဲအပြီးမှာ ရမ်းသမ်းပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်လိုက်တာပေါ့။ တောင်စလုံးရွာထဲကျပြီးတော့ အမျိုးသမီးကလည်း အိမ်ထဲနေရင် ထိသွားတယ်။ မနက်ရောက်တော့ သူဆုံးသွားတယ်” ဟု ပင်လောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဆောင်းပြောင်းဂိတ်ကို ပိတ်ထားလိုက်ပြီး ယမန့်နေ ဖေဖော်ဝါရီ ၂၅ တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်းသိရသည်။
သို့သော် လက်ရှိအချိန်ထိ ပြည်သူများက သွားလာမှုအတွက် ဆောင်းပြောင်းလမ်းကို အသုံးမပြုသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းနေလျက်ရှိကြောင်း ပင်လောင်းမြို့ မျက်မြင်တွေ့ရှိသူက ပြောသည်။

“ သူတို့စစ်အင်အားထပ်ဖြည့်နေတယ်။ မနေ့ညက ကား ၆ စီးလောက်က ဖယ်ခုံဘက်ကို ဆင်းသွားတာတွေ့တယ်။ ဒီနေ့မနက်ပြန်လာတော့ ကားထဲမှာ တပ်သားတွေက မရှိတော့ဘူး။ တစ်စီးကို ၂ ယောက်လောက်ပဲ ပြန်ကြတယ်။ ဖယ်ခုံဖက်ကို စစ်အင်အားသွားဖြည့်တာ ထင်တယ်” ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စစ်ရေးတင်းမာနေသေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ က တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် ဖယ်ခုံမြို့ နှင့် ပင်လောင်းမြို့ နယ်စပ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ နှင့် တောင်မဲတင်းရွာတို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...