Thursday, April 25, 2024

လဲချား မှာ ရွာသစ်ထပ်ထောင်သည့် ကျေးသီးစစ်ရှောင်များ

Must read

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှ စစ်ရှောင်လာသည့် ဒေသခံများ တစ်ချို့ လဲချားမြို့နယ် ဝမ်ထီရွာတွင် ရွာသစ်ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုရွာသစ်ပြန်လည်ထူထောင်သွားရာမှာ လိုအပ်ချက်များစွာ ရှိသည့်အတွက် အလှူရှင်များကိုလည်း မျှော်လင့်နေရကြောင်း သတင်းရရှိသည်။

“ခုတော့ သူတို့နေဖို့အတွက် အကွက်တွေရိုက်ပြီးသွားပြီ။ ခုလောလောဆယ် နေဖို့အတွက် ချုံတွေရှင်းပြီး သန့်ရှင်းရေးတွေ လုပ်နေတယ်။အသစ်ပြန်စမယ်ဆိုတော့ အကုန်လိုအပ်နေတာပေါ့နော်” ဟု လဲချားမြို့မှ ပရဟိတ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျေးသီးမြို့နယ်ဘက်က စစ်ရှောင်လာသည့် ဒေသခံများသည် နားတွန်ကျေးရွာ၊ကုန်းပိုက်ကျေးရွာ နှင့် ကုန်းကန်ကျေးရွာ တို့က ဒေသခံ တစ်ချို့များဖြစ်ကြသည်။

“အခုတော့ တစ်ချို့လည်း အိမ်ပြန်ပြီး ယာတွေ ပြန်လုပ်တာတွေရှိသေးတယ်။ အားလုံးက အသစ်ပြန်စတယ် ဆိုတော့ လိုအပ်ချက်တွေတော့ အများကြီးလိုတာပေါ့နော်” ဟု ပရဟိတ အမျိုးသား တစ်ဦး ကပြောသည်။

အဆိုပါ စစ်ရှောင်တို့သည် ဇူလိုင် (၁၁) ရက်နေ့က ရောက်ရှိလာပြီး ယခု ရွာသစ်ပြန်လည်ထူထောင်ရာမှာ အိမ်ခြေ (၅၀) အကွက်ရိုက်ပြီး လူဦးရေ (၆၁) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article