Tuesday, January 27, 2026

ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။

ကျေးသီး

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ ခိုးယူသွားကြောင်း ကျေးသီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဈေးပိတ်ထားတာ ကြာပြီလေ။ ဒီဘက်မှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေများတယ်။ ဒီတစ်ခေါက်ပါရင် (၃) ကြိမ်လောက် ဖြစ်သွားပြီး သူတို့ ဈေးထဲ လိုက်မွှေတာ။ မဖမ်းမိသေးဘူး” ဟု ကျေးသီးဒေသခံ တစ်ဦးကပြောသည်။

ကျေးသီးမြို့ရှိ ဈေးထဲက ဈေးသည်များလည်း ဆိုင်ထဲက တန်ဖိုးကြီးသည့် ပစ္စည်းများကို နေအိမ်မှာ သယ်ပြန်ယူသွားကြကြောင်း သိရှိရသည်။

“ပစ္စည်းတွေက သူတို့မယူဘူး။ အဓိက ငွေတွေကိုပဲ လိုက်ရှာတာ။ ပစ္စည်းတွေက သူတို့ သွားရောင်းရင်လည်း သူများက သိတယ်လေ။ ဈေးထဲ စောင့်တဲ့သူလည်း မရှိတော့ သူခိုးတွေက ဝင်ရောက်ရှာဖွေတာပေါ့” ဟု ကျေးသီးဒေသခံ တစ်ဦးက ပြောသည်။

ကျေးသီးမြို့မဈေးကြီး (၂) လကာလအတွင်း ပိတ်ထားသည့်အတွက် သူခိုးများ ဈေးဆိုင်ခန်းများထဲရှိ ပစ္စည်းဝင်ရောက်ရှာဖွေမှုများ (၃) ကြိမ်ရှိသည့်အတွက် ဈေးသည်များ စိုးရိမ်သဖြင့် တန်ဖိုးကြီး ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွေ့ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။ ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သူတို့ ၂၀၀၆ ခုနှစ်ကနေ...