Wednesday, January 28, 2026

မောက်မယ်မြို့နယ်အတွင်း ကလေးငယ် တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ကလေး တစ်ဦး အပါအဝင် အရပ်သား (၃) ဦး တောထဲ ဟင်းရှာထွက်စဥ် မိုင်းနင်းမိခဲ့ကြောင်း စုံစမ်း သိရသည်။

Photo credit – Local

ယမန်နေ့ ( ဧပြီ ၁၈) ရက် မနက်ပိုင်းတွင် တောထဲ ဟင်းရှာထွက်ရာမှ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိခဲ့ပြီး ထို မိုင်းနင်းမိသည့် နေရာသည် ပအိုဝ်းအမျိုးသားများလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့အကြား စစ်ရေးဖြစ်ပွားနေသည့် နေရာဖြစ်သည်။

“တောထဲ ဟင်းစားရှာထွက်တဲ့ အချိန် မိုင်းနင်းမိတာ၊ အမျိုးသမီးတစ်ယောက် နင်းမိပြီးတော့ နောက်ထပ် နှစ်ယောက် မိုင်းစတွေ ထိမှန်တာ၊ အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်းပါတယ်” ဟု အမည် မဖော်လိုသူ ရပ်ရွာ တာဝန်ရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် အရပ်သားများသည် အသက် ၄၀ ဝန်းကျင် ရန်ကင်းရွာနေ အမျိုးသမီး (၂) ဦး နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြပြီး နမ့်ပါတက်ကျေးရွာအနီး တောင်ပေါ်တွင် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းနင်းမိ ဒဏ်ရာရသည့် အရပ်သားများကို PNLO/PNLA မှ လာရောက် သယ်ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်းလည်း ဒေသခံများက ပြောသည်။

Photo credit – Local

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် RCSS/SSA နှင့် PNLO/PNLA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာများ ဖြစ်ကြပြီး နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်း အထက်ပါ ရပ်ရွာ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ပြီးတဲ့ပတ်ထဲက ထိတွေ့တိုက်ပွဲ ဖြစ်ပြီးကတည်း က မြေပြင်မှာ နှစ်ဖက် တပ်ဖွဲ့ရဲ့ စစ်ရေးတင်းမာမှုက ရှိနေတုန်းပဲ၊ အခု မိုင်းပေါက်ကွဲမှု ဖြစ်တဲ့နေရာကလည်း နှစ်ဖက်တပ်ဖွဲ့က သွားလာနေကြတယ်” ဟု ၎င်းက ဆက်ဆိုသည်။

ယခုတစ်ကြိမ် မိုင်းပေါက်ကွဲမှုသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကိုလည်း မသိရသေးကြောင်းလည်း ၎င်းက ဆက်ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ မြေမြှုပ်မိုင်း ထောင်ထားခြင်းသည် အရပ်သား ပြည်သူများ အတွက် အန္တရာယ်ကြီးမားကြောင်း နှင့် မိုင်းထောင်ထားသည့် အမှတ်အသားများကို ပြုလုပ်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုကြသည်။

“နှစ်ဖက် တပ်ဖွဲ့ (RCSS နှင့် PNLA) ထိတွေ့မှုဖြစ်ပြီး အခုလို မိုင်းပေါက်ကွဲမှု ထပ်ဖြစ်တယ်ဆိုတော့ ဒါက နှစ်ဖက် တပ်ဖွဲ့ အချင်းချင်း မကျေနပ်လို့ လုပ်တာပဲဖြစ်ဖြစ် ၊ ပြည်သူကို ဒုက္ခပေးချင်လို့ပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး၊ တကယ် လို့ မိုင်းထောင်ထားတယ်ဆိုရင်လည်း မိုင်းထောင်ထားတဲ့ အမှတ်အသားတွေကို လုပ်ပေးစေချင်တယ်၊ အဲ့ဒီလိုဆိုရင် ပြည်သူတွေလည်း ရှောင်ထွက်သွားလာလို့ရတယ်၊ အခုက တောင်ယာသွားတာ၊ ဟင်းစားရှာထွက် တာတောင် မလုပ်ရဲတော့ဘူး” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက် ကျေးရွာ အနီးတွင် RCSS/SSA နှင့် PNLO/PNLA က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများလည်း တောထဲသို့ စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...