မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် နေအိမ်မှ တောင်ယာနှမ်းခင်းသို့သွားစဉ် မြို့မြောက်ဘက်တွင် အမည်မသိ လက်နက်ကိုင်၏ သေနတ်ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မောက်မယ်ဒေသခံများက ပြောသည်။

“ဒီမနက် သတင်းကြားတာတော့ ဆုံးသွားပြီ၊ နှမ်းခင်းထဲမှာ ပစ်သတ်ခံရတာလို့ ပြောတယ်။ သူ့ခြံက မြို့နဲ့ ၂ မိုင်လောက် ဝေးတယ်၊ သူ့အိမ်ကတော့ မြို့ထဲပဲ နေတာ။ သူက မနက်တိုင်း ခြံသွားတယ်၊ ဘယ်သူ ဘယ်အဖွဲ့က ပစ်သွားလဲတော့ မသိဘူး” ဟု မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားသည့် ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် အသက် (၆၂) နှစ် ရှိပြီဖြစ်ပြီး ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ မောက်မယ်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် (၃) ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရသူဖြစ်ကြောင်း သိရသည်။

USDP ကိုယ်စားပြု ဦးစိုင်းငေါင်းဆိုင်ဟိန်း သေနတ်ပစ်ခတ်ခံရသည့် အကြောင်းရင်းကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းလျက်ရှိပြီး လက်ရှိအချိန်ထိ ပစ်ခတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မောက်မယ်မြို့နယ် ပါတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည့် ဦးစိုင်းငေါင်းဆိုင်ဟိန်း သေနတ်ပစ်ခံရပြီး သေဆုံးမှုနှင့် ပတ်သက်၍ USDP ပါတီ သျှမ်းပြည်တောင်ပိုင်း၏ ဖေ့စ်ဘုတ်လူမှုကွန်ယက်တွင် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

မောက်မယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO အဖွဲ့များလည်း သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...