PNLO နှင့် RCSS တို့ တိုက်ပွဲကြား အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

RCSSနှင့် PNLO

ပြီးခဲ့သည့် မေလ ၂၀ ရက် နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်၊ နမ့်ဟူးကျေးရွာအုပ်စု ၊ ဟိုခိုင်းကျေးရွာ အနီး၌ RCSS/SSA နှင့် PNLO/PNLA တို့၏ တိုက်ပွဲကြား အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာ ရသည့် အရပ်သား တစ်ဦးသည် ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရသွားကြောင်း နှင့် လက်ရှိတွင် RCSS/SSA တပ်ဖွဲ့က ဆေးကုသပေးထားလျက်ရှိကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပစ်ခတ်မှု အပြီးမှာ ကျနော်တို့ တပ်သားတွေက မြေပြင်စစ်ဆေးတဲ့အခါမှာ သူတို့ (PNLA) စစ်သား ၅ ယောက်ရဲ့အလောင်းကို တွေ့ရတယ်၊ ပြီးတော့ ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ ရွာသား ၆ ယောက်ကို တွေ့ရတယ်၊ သူတို့ထဲ တစ်ယောက်က ဝမ်းဗိုက်မှာ သေနတ်မှန်ထားတယ်၊ အခုတော့ သူတို့ကို ကျနော်တို့ တပ်ဖွဲ့က လက်ခံဆေးကုပေး နေတယ်” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရွာသားများသည် ရှမ်း နှင့် ပအိုဝ်းလူများ ပါဝင်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ခံ ရတာကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်းလည်း ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မြေပြင်တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် နေရပ်မပြန်ခိုင်းသေး ကြောင်း ဗိုလ်မှူးခမ်းစံက ဆက်ပြောသည်။

“ပစ်ခတ်မှုရော၊ စစ်ရေးတင်းမာမှုတွေရော မရှိပေမဲ့ ရွာသားတွေကိုတော့ ရွာထဲ ပြန်မပို့သေးဘူး၊ တကယ်လို့ ဆေးကုပေးပြီး၊ သူတို့ဆီက အကြောင်းရင်းကိုလည်း စစ်ဆေးမေးမြန်းပြီးပြီ ဆိုရင်တော့ သူတို့ သဘောဆန္ဒ အတိုင်း ပြန်ပို့ပေးမှာပါ။ အခုတော့ လုံခြုံရေးနေရာမှာ ခေါ်ထားပါတယ်” ဟု ဗိုလ်မှူးခမ်းစံကပြောသည်။

မောက်မယ်မြို့နယ်အတွင်း PNLO/PNLA နှင့် RCSS/SSA တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းသည် အောက်ခြေ တပ်သားအချင်းချင်း ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

“ဒီတိုက်ပွဲ ဖြစ်စဥ်ကို ပြောရမယ် ဆိုရင် နှစ်ပိုင်းရှိမယ်၊ တစ်ပိုင်းက အထက်လူကြီး အချင်းချင်းက နားလည်မှုရှိတယ်၊ အစည်းဝေးတွေ အတူတူထိုင်ဖြစ်တယ်၊ ဒါပေမဲ့ အောက်ခြေမှာက သူတို့လူကို သူတို့မထိန်းနိုင်ပဲ ကျနော်တို့ တပ်ဖွဲ့ကို လာလာချောင်းပစ်တယ်၊ ဒါကြောင့် ပစ်ခတ်မှုတွေ ဖြစ်ရတာ” ဟု ဗိုလ်မှူးခမ်းစံ က ဆက်လက်ပြောဆိုထားသည်။

ယင်းတိုက်ပွဲ ဖြစ်စဥ်နှင့် ပတ်သက်ပြီး PNLO ဘက်မှ ဗိုလ်မှူးခွန်မင်းသိမ်းကို ဖုန်းဆက်သော်လည်း ဖုန်းပြန်ချသွားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်လည်း RCSS နှင့် PNLO တပ်ဖွဲ့သည် မောက်မယ်မြို့နယ် အတွင်း ၂ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား (၃) ဦး မြေမြှုပ်မိုင်း နင်းမိခဲ့သေးကြောင်း သိရသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် ဖြစ်သည့် အပြင် နှစ်ဖွဲ့စလုံးကလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက် ပြုလုပ်နေသေးသည့် အဖွဲ့များ ဖြစ်ကြသည်။

ထို့အပြင် ပြီးခဲ့သည့် မေ ၁၇ – ၁၈ ရက်တွင်လည်း RCSS/SSA နှင့် PNLO/PNLA ကိုယ်စားလှယ်များ ပါဝင်သည့် NCA-S-EAO (၇) ၏ ထိပ်သီးမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...