မောက်မယ် ကျောင်းများ ပြန်ဖွင့် ကျောင်းတက်သူ နည်းပါး

သျှမ်းတောင် မောက်မယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သော်လည်း ကျောင်းတက်သူ နည်းပါးကြောင်း သတင်းသိရသည်။

အဆိုပါ ကျောင်းများကို ယနေ့ (ဒီဇင်ဘာ ၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံမှာစိုးရိမ်သည့်အတွက် ကျောင်းသို့ မလွှတ်သေးကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကိုဗစ် ကူးမှာကြောက်လို့ မလွှတ်ရဲသေးဘူး၊ အခြေနေ စောင့်ကြည့်ဦးမယ်၊ ခုက ရောဂါလည်း သိပ်မငြိမ်သေးဘူး၊ စိုးရိမ်ရသေးတယ်၊ ကျောင်းသွားတဲ့သူလည်း နည်းတယ်” ဟု မောက်မယ်မှ ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သည့် မိဘများက ၄င်းတို့ သားသမီးများအား အွန်လိုင်းပေါ်မှ သင်ကြားမှုတွေ ပြုလုပ်ပေးနေကြောင်း သိရသည်။

ထို့အပြင် ယခုလို ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတွင် ပုံမှန် အခြေနေပြန်ဖြစ်နေပြီ ဆိုသည့်အကြောင်း နိုင်ငံတကာသို့ ချပြလိုသည့် ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်နေတာဖြစ်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ထားသည်။

“ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုတာ မြန်မာနိုင်ငံမှာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို နိုင်ငံတကာကို သိစေချင်လို့၊ ဖာနိုင်သလောက် ဖာတဲ့ သဘောပေါ့။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က သက်သေပဲ။ လမ်းပေါ်မှာ လူတွေ မရှိတာကို အရင်ပုံတွေ ချပြပြီး ပေါ်တင်လိမ်နေတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောက်မယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၅၀ ကျော်ကို ယနေ့ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

မြန်မာနိုင်ငံ ကလေး သန်းနှင့်ချီ ပညာရေးဆုံးရှုံးနေ

0
နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ...

မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...