NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို

NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပက်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက အမှတ်မထင် ထိတွေ့တိုက်ပွဲဖြစ်သွားခြင်းသာဖြစ်ပြီး နှစ်ဦးနှစ်ဘက်အနေဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ဖြေရှင်းသွားမည် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါက ထိတွေ့တိုက်ပွဲပေါ့နော်၊ ကျနော်တို့ RCSS နဲ့ PNLO/PNLA ကဆက်ဆံရေးလမ်းကြောင်းရှိတာပေါ့၊ ဒါကြောင့် မနေ့က တိုက်ပွဲဖြစ်သွားနဲ့ ပက်သက်ပြီး ကျနော်တို့ နှစ်ဦးနှစ်ဘက် ဆက်သွယ်ပြီး ဖြေရှင်း သွားမှာပါ” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက်တွင် ဖြစ်သွားသည့် လမ်းကြောင်းအတိုင်းချီတက်လာသော RCSS/SSA တပ်သားများသည် PNLO/PNLA တို့နှင့် ထိပ်တိုက်တွေ့ဆုံရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မိနစ် ၃၀ ခန့် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

“ရင်ဆိုင်တိုက်ပွဲမဟုတ်တဲ့ ထိတွေ့တိုက်ပွဲသာဖြစ်တဲ့အတွက် တိုက်ပွဲရဲ့ သဘောသဘာဝအတိုင်း တွေ့တာနဲ့ နေရာယူတယ်၊ ပစ်ခတ်မှုရှိမယ်၊ ပြီးရင် အခြေအနေကြည့်ပြီး ပြန်ဆုတ်ခွာမယ် အဲ့လိုသဘောမျိုးပေါ့၊ ကြာချိန်က ၃၀ မိနစ်လောက်ပါပဲ၊ ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

အထက်ပါတိုက်ပွဲဖြစ်ပွားမှုနှင့် ပက်သက်ပြီး RCSS/SSA ကကြိုတင်အကြောင်းကြားမှု မရှိဘဲ ကဒူးကြီးဒေသ ရန်ကင်းနီးကျေးရွာအနီး ရောက်ရှိလာပြီး PNLA လုံခြုံရေးတပ်သား များကို စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပက်သက်ပြီး NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် RCSS/SSA နှင့် PNLO/PNLA အကြားတွင် နှစ်ဖက်ဥက္ကဌများ သဘောတူညီလက်မှတ်ရေးထိုးသည့် အတိုင်း နှစ်ဦးနှစ်ဘက်ကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု PNLO ဒုတိယ ဥက္ကဌ ခွန်မြင့်ထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၀၁၇ ဇူလိုင်လ ၁ ရက်နေ့မှာ RCSS/SSA နဲ့ PNLO/PNLA နှစ်ဖက်ဥက္ကဌများ သဘောတူညီလက်မှတ်ရေးထိုး ထားတဲ့ နှစ်ဦးနှစ်ဘက်ကြားဖြစ်ပေါ်လာတဲ့ ပြဿနာကြီးငယ် ကိစ္စအဝဝကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေ ရှင်းမယ်ဆိုတဲ့ သဘောတူညီချက်ကရှိပြီးသား၊ အခုဖြစ်လာတဲ့ ပြဿနာကိုလည်း မဟာမိတ်တပ်ဖွဲ့ချင်း ငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုပဲ ဦးတည်သွားမှာပါ” ဟု PNLO ဒု ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

လက်ရှိတွင် PNLO အနေဖြင့် ပဋိပက္ခများပြန့်ပွားမှု မရှိစေရန်အတွက် ၎င်းတို့၏ တပ်ဗိုလ်တပ်မှူးများကို အသိပေး ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်းလည်း PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းတွင် PNLO အဖြစ်ပြောင်းလဲလာသည့် SNPLO အဖွဲ့ကို နအဖ စစ်အစိုးရ လက်နက်ချ ခိုင်းစဥ်တွင် ဌာနချုပ်ကို စွန့်ခွာပြီး RCSS/SSA ထိန်းချုပ်နယ်မြေ ထိုင်းနယ်စပ်တွင် ပူးတွဲအခြေစိုက် မှုရှိသော်လည်း အဆိုပါ ဒေသအတွင်းမှာ အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...