ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး အင်းလေး တရားမဝင် ငွေတိုးချေးစားသူများက အဆမတန် အတိုးနှုန်းယူ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ငွေကြေးချေးယူသူများအပေါ် အနိုင်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးဒေသ ဟဲယာရွာမကျေးရွာအုပ်စုအတွင်းရှိ ရှေ့ရပ်ကြီးရပ်ကွက်တွင် နေထိုင်သည့် မိသားစုနှစ်စုသည် တရားဝင်လိုင်စင်ရ အပေါင်ဆိုင်များ မဟုတ်ဘဲ အခြေခံလူတန်းစားများ၏ အခက်အခဲကို အခွင့်ကောင်းယူကာ အတိုးနှုန်းကို စိတ်ကြိုက်သတ်မှတ်၍ တောင်းခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ချေးယူထားသော အရင်းငွေထက် နှစ်ဆမကသော အတိုးနှုန်းများကို တစ်လအတွင်း ပေးဆောင်နေရပြီး အရင်းဆပ်ပြီးသော်လည်း ကျန်ရှိနေသည့် အတိုးအပေါ် ထပ်ဆင့်တိုး ကောက်ခံနေကြောင်း အမည်မဖော်လိုသည့် ဟဲယာရွာမဒေသခံတစ်ဦးက ပြောသည်။

“အခြေအနေက တော်တော်ဆိုးပါတယ်။ အရင်း ၁ သိန်းချေးရင် ၁ လကို အတိုးတင် ၂ သိန်းပေးနေရတယ်။ အရင်းပြန်ဆပ်နိုင်ရင်တောင် အတိုးပေါ်မှာ အတိုးထပ်ဆင့်ပြီး ဇွတ်တောင်းနေတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ယခင်က ချေးယူထားသော ငွေကြေးများကို ယခုလက်ရှိ ပေါက်ဈေးရှိသော ရွှေဈေးနှုန်းများနှင့် တွက်ချက်ကာ မတရားသဖြင့် ငွေညစ်တောင်းခံမှုများလည်း ရှိနေကြောင်း ဆိုသည်။

အကြွေးဆပ်ရန် ခက်ခဲနေသည့် မိသားစုများထံမှ လှေများ၊ ရွှေထည်များနှင့် လက်ကိုင်ဖုန်းများကိုလည်း အတင်းအဓမ္မ သိမ်းယူမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

အဆိုပါ ငွေတိုးချေးစားသူ မိသားစုဝင်အချို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ပြီး ၎င်းတို့၏ ရမ်းကားမှုကို ဒေသခံများက ကြောက်ရွံ့နေကြရကြောင်း ဒေသခံများက ပြောသည်။

“သူတို့အမျိုးသားတွေက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်နေတော့ ရွာသားတွေက ပြဿနာမဖြစ်ချင်လို့ ကြောက်နေကြတာကို သူတို့က အခွင့်ကောင်းယူပြီး အာဏာပြ အကျပ်ကိုင်တာတွေ လုပ်လာတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ အင်းလေးဒေသတွင် တရားဥပဒေစိုးမိုးရေး အားနည်းနေသည့်အပေါ် အာဏာပိုင်များက အဆိုပါတရားမဝင် ငွေးချေးလုပ်ငန်းများကို မျက်ကွယ်ပြုထားခြင်းက ပြဿနာကို ပိုမိုဆိုးရွားစေကြောင်း ဒေသခံများက ဝေဖန်နေသည်။

အကြွေးနွံနစ်နေသည့် မိသားစုများအကြားတွင် စိတ်ဓာတ်ကျဆင်းမှုနှင့် လူမှုရေးအကျပ်အတည်းများ ပြင်းထန်စွာ ခံစားနေရပြီး အချို့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့် အခြေအနေထိ ဖိအားပေးခံနေရကြောင်း သိရသည်။

ယခုကဲ့သို့ တရားမဝင် အတိုးချေးစားခြင်းနှင့် အနိုင်အထက်ပြုကျင့်ခြင်းများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အရေးယူခြင်းမရှိပါက ဒေသခံများ၏ ဘဝမှာ နာလန်ထူနိုင်တော့မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...