နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။

ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြစ်ချောင်းများမှ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း လက်ရှိတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးကြောင်း၊ လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်သော်လည်း ဖွံ့ဖြိုးတိုးတက်လာမည့်အရေး မလိုလားသူများ ကန့်ကွက်ခဲ့၍ စီမံကိန်းကြီးများ ယခုအချိန်ထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ရေအရင်းအမြစ်များ ပင်လယ်အတွင်းသို့ အကျိုးမဲ့စီးဝင်သွားခြင်းသည် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်လျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများစွာ ရှိကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ရေချိုအရင်းအမြစ်များကို ထိန်းသိမ်းအသုံးချနိုင်ရေးအတွက် အနိမ့်တမံများ တည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးတို့အတွက် အလားအလာများကို ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ပွဲများ ဆက်လိုက်ဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်။

အဆိုပါ ဖွံ့ဖြိုးရေးဆိုသည်မှာ ပြည်သူ့အတွက်ထက် စစ်ကော်မရှင်၏ ကိုယ်ကျိုးအတွက်သာ ဖြစ်နေနိုင်ပြီး တိုက်ပွဲများကြားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ လက်တွေ့မကျသည့် အခြေအနေဖြစ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ပြောသည်။

“သူတို့ပြောတဲ့ ဖွံ့ဖြိုးရေးဆိုတာ ပြည်သူတွေအတွက်လား ဒါမှမဟုတ် သူတို့အတွက်လားဆိုတာ မေးစရာရှိတယ်။ သေချာတာတစ်ခုကတော့ တစ်နိုင်ငံလုံးအတွက် ဖွံ့ဖြိုးရေးဆိုတာ မဖြစ်နိုင်ဘူး။ ဥပဒေစိုးမိုးမှုကိုတောင် သူတို့မလုပ်နိုင်တာ၊ ဖွံ့ဖြိုးရေး လုပ်မယ်ဆိုတာ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေတယ်” ဟု စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စီမံကိန်းနယ်မြေများတွင်လည်း စနစ်တကျ ကာကွယ်မှုမရှိဘဲ အတင်းအဓမ္မ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာရခြင်း၊ လယ်ယာမြေများ ဆုံးရှုံးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဒဏ်များ ကိုသာ ခါးစည်းခံနေရကြောင်း ၎င်းက ပြောသည်။

သို့သော် အကျိုးအမြတ်အားလုံးကို အာဏာပိုင်များနှင့် ကုမ္ပဏီများကသာ ရရှိကြောင်း၊ အထူးသဖြင့် စီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအချိုးအစားနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိကြောင်း စိုင်းဟော်ရှဲန်က ထောက်ပြသည်။

မြန်မာနိုင်ငံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်း၌ အပြည့်အဝ အသုံးမပြုဘဲ တရုတ်နိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများကိုသာ ဦးစားပေး ရောင်းချနေခြင်း ဖြစ်ကြောင်း ဆိုသည်။

“သယံဇာတတွေက ကျနော်တို့ နိုင်ငံထဲက ဖြစ်ပေမယ့် ထွက်လာသမျှ လျှပ်စစ်ဓာတ်အားတွေကိုတော့ အိမ်နီးချင်း နိုင်ငံကိုပဲ ဦးစားပေး ရောင်းချနေတာပါ။ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် ဒေသခံတွေကတော့ သဘာဝဘေးဒဏ်နဲ့ ဆုံးရှုံးမှုတွေပဲ ခါးစည်းခံရတယ်။ အကျိုးအမြတ်ကတော့ အာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေပဲ ခံစားနေကြတာ” ဟု စိုင်းဟော်ရှဲန်က ထပ်လောင်းပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာကိုပင် ထိရောက်စွာ မထိန်းချုပ်နိုင်တော့ဘဲ အိမ်နီးချင်းနိုင်ငံများ၏ စွက်ဖက်ခြယ်လှယ်မှုနှင့် အမြတ်ထုတ်မှုကို ခံနေရကြောင်း၊ သယံဇာတ စီမံခန့်ခွဲမှုတွင်လည်း ပြည်သူလူထု၏ အသံကို နားမထောင်ဘဲ တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်နေသည့်အတွက် တရားမျှတမှုမရှိသော စီမံကိန်းအသစ်များကို ရပ်ဆိုင်းရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ခဲ့သည့် သိန္နီမြို့နယ်တွင် ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို အရှိန်အဟုန်မြှင့် တည်ဆောက်နေကြောင်း ကိုးကန့်သတင်းက ဓာတ်ပုံများနှင့်တကွ ၂၀၂၆ခုနစ် မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် စီမံကိန်းအမည်နှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကိုတော့ ဖော်ပြထားခြင်း မရှိပေ။

တန့်ယန်းမြို့နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် တရုတ်၏ နောင်ဖာရေကာတာ စီမံကိန်းအတွက် ‘ဝ’တပ်ဖွဲ့ (UWSA) က လမ်းခင်းပေးခြင်းနှင့် အကူအညီ ဆောင်ရွက်မှုများရှိနေကြောင်း သျှမ်းပြည် ရင်းနှီးမြှုပ်နှံမှုနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SSFIM) က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

SSFIM ၏ ထုတ်ပြန်ချက်အရ UWSA သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တန့်ယန်းမြို့ကို ထိန်းချုပ်ပြီးနောက် တရုတ်၏ ရေကာတာ စီမံကိန်းများအတွက် တိတ်တဆိတ် လုံခြုံရေးယူပေးကာ လမ်းခင်းပေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...