အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာ-လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားခဲ့သည်။

ထိုခရီးစဉ်တွင် မြန်မာ-လာအိုနိုင်ငံအကြား ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်ရှိ လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်တစ်ခု အကောင်အထည်ဖော်ရန် အတွက်လည်း နှစ်နိုင်ငံအစိုးရက သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစီမံကိန်းကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံ လွမ်နမ်သာခရိုင်တို့အကြား နယ်စပ်အဖြစ် မိုင် ၁၅၀ ခန့် ထိစပ်စီးဆင်းနေသည့် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။

အလားတူ စစ်အာဏာရှင် သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုခရီးစဉ်တွင် ၎င်းခန့်ထားသည့် အလုပ်သမား ဝန်ကြီး ဦးခင်မောင်စိုးနှင့် လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးတို့ တွေ့ဆုံပြီး လာအိုရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် Certificate of Identity (CI) ထုတ်ပေးရေး၊ အလုပ်သမားအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များကိုလည်း
ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခြောက်နှစ်နီးပါး ပိတ်ဆိုင်းထားသည့် မြန်မာ-လာအို နယ်စပ် ဝမ်ပုံ-မိန်းမော ရေကြောင်းဖြတ်ကျော်မှုကို ဇူလိုင် ၁၆ ရက်တွင် တရားဝင်ပြန်ဖွင့်လှစ်လိုက်သည်။

“အရင်ပိတ်ထားတုန်းကတော့ လာအိုဘက်သွားအလုပ်လုပ်တဲ့သူတွေက ခိုးသွားကြတာ၊ အခုတော့ မှတ်ပုံတင်ရှိရင် တရားဝင်သွားလို့ရပြီ” ဟု တာချီလိတ်မြို့ခံ အသက် ၄၀ အရွယ်ရှိ စိုင်းတစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းသည် လာအိုနိုင်ငံသို့ သွားရောက်မည့်သူများအတွက်ထိုင်းနှင့် မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် ဂိတ်ကဲ့သို့ပင် အရေးပါသည့် ဝင်ပေါက်တစ်ခုဖြစ်သည်။

ဂိတ်များတရားဝင် မဖွင့်လှစ်မီ ကာလများအတွင်း ဒေသတွင်း သွားလာလိုသူများသည် စက်လှေများဖြင့် တရားမဝင် ခိုးကူးခဲ့ကြရပြီး တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀ မှ ၂၀၀
ခန့်အထိ ပေးဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတော့ တစ်ယောက်ကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) အတွက် ကျပ်တစ်ထောင်ဘဲပေးရတော့မယ်” ဟု ၎င်းကဆိုသည်။

ယခုဖွင့်လှစ်သည့် ဝမ်ပုံဂိတ်သည် တာချီလိတ်ဒေသခံများသာမကဘဲ အခြားဒေသမှ လာရောက်သူများပါ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် Smart Card ကိုင်ဆောင်ထားရုံဖြင့်
ယာယီဖြတ်ကျော်ခွင့်လက်မှတ် (TBP) ပြုလုပ်ကာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်းခွင့်ရှိ၊ မရှိကိုမူ အာဏာပိုင်များဘက်က ရှင်းလင်းစွာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းသို့ စက်လှေဖြင့် ဖြတ်ကူးပြီးနောက် လာအိုလူဝင်မှုကြီးကြပ်ရေးရုံးတွင် သတင်းပို့ဝင်ရောက်ရမည်ဖြစ်သည်။

ဂိတ်ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် မြန်မာနိုင်ငံသား ၅ ဦးအား ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ထုတ်ပေးခဲ့ပြီး လာအိုနိုင်ငံဘက်သို့ စက်လှေဖြင့် ထွက်ခွာသွားခဲ့ကြောင်း၊ လာအိုဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူမူ မရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

လာအိုနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်း ဝန်းကျင်ရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...