နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။ 

ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းသည့် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ မှ ၁၉ ရက်အထိ သွားရောက်မည့် အဆိုပါခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း Global Times တွင် ဖော်ပြထားသည်။ 

ထို့အပြင် ဝန်းကြိးချုပ် လီချန်း (Li Qiang) နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျီ (Zhao Leji) တို့နှင့်လည်း သီးခြားစီတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ် မတိုင်မီ ပြီးခဲ့သည့် (ဇွန်လ ၅ ရက်) ကလည်း အာဏာသိမ်းအစိုးရ နိုင်ငံရေးဝန်ကြီး ဦးတင်မောင်ဆွေသည် ပေကျင်းသို့ သွားရောက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့သေးသည်။ 

Global Times သတင်းဌာန၏ ပြောပြချက်အရ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အဓိထားမည် ဖြစ်ပြီး၊ အထူးသဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ အဓိကစီမံကိန်းများကို အရှိန်မြှင့်တင်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၃၁ ရက်မှ ဇွန်လ ၃ ရက်အထိ အန္ဒိယနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ကာ အန္ဒိယသမ္မတ ဒရော်ပါဒီ မူရ်မူ၊ ဝန်းကြီးချုပ် နာရန်ဒရာ မိုဒီတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။ 

ထို့အပြင် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုသည်ဟု သံသယရှိသဖြင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP – Myanmar)၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်အား သူလျှိုမှုဖြင့် ဖမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက (ဇွန်လ ၁၂ ရက်) တွင် အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

တရုတ်အရိပ်အောက်က အာဏာသိမ်းသမ္မတ၏ အနာဂတ်

0
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံသို့ ထပမဆုံးအကြိမ် သမ္မတအဖြစ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။   ဦးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ယခုအချိန်အထိ တရုတ်နိုင်ငံသို့ (၁၃) ကြိမ်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်သည်။  အဆိုပါခရီးစဉ်အတွင်း...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...