ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်?

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းတို့ပါ ပြုလုပ်သည်။

ပြီးခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်အစောပိုင်းတွင် စစ်ရေးအခြေအနေ ငြိမ်သက်ခဲ့သော်လည်း ပင်းတယမြို့ရှိ စစ်ဘေးရှောင် (၃၀၀)ကျော်အတွက် နေစရာအိမ်မရှိတော့သဖြင့် နေရပ်မပြန်နိုင်ကြောင်း စစ်ဘေးရှောင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြန်စရာ အိမ်မရှိတော့ အမျိုးအိမ်နားမှာပဲ တဲထိုးပြီး နေနေရတယ်၊ သူများဒေသဆိုတော့ လုပ်ကိုင်စားသောက်ဖို့ ခက်တယ်လေ၊ နေ့စားကလည်း ပုံမှန်မရှိဘူး၊ တစ်နေ့မှ တစ်သောင်းနဲ့ လူ၅ ယောက် မျှသုံးနေရတယ်၊ အဲတစ်သောင်းကလည်း ဆန် တစ်ပြည်ဖိုးပဲရှိတာ။”ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသည့် ဦးမောင်က ပြောသည်။

ဉီးမောင်တို့မိသားစုဝင် (၅)ဉီးသည်ယခင် ကျောက်မဲမြို့တွင် ကိုယ်ပိုင်တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး လက်ရှိ ပင်းလောင်မြို့တွင် ကြုံရာကျပန်းနေ့စာလိုက်နေရကြောင်း သိရသည်။

“ အခုက ပန်းရံ၊ ကုန်တင်ကုန်ခ ကြုံရာ ကျပန်း နေ့စားလိုက်နေရတာ၊ တရက်ကို တသောင်းရတယ်။ မိသားစု (၅)ဉီးရှိတော့ မလောက်ဘူး” ဟု ဉီးမောင်က ပြောသည်။

လက်ရှိ နေ့စားခ ရရှိသည့်ငွေကျပ် တစ်သောင်းသည် ဆန်တပြည့်ဖိုးသာရှိကြောင်း၊ အိမ်ငှားစရိတ်လစဉ်ပေးဆောင်ရ သဖြင့် လောက်ငှမှုမရှိကြောင်းလည်း ဉီးမောင်က ဆိုသည်။

“ပင်းတယ မြို့ပေါ်နဲ့ ရွာတွေမှာတော့ စစ်ရှောင် ၃၀၀ ကျော်ရှိသေးတယ်၊ တချို့က အိမ်ငှားနေတယ် တချို့က အမျိုးအိမ်တွေမှာ နေတယ်၊ တချို့ကည်း တဲလေးထိုးပြီး နေနေကြရတယ်၊ စစ်ရှောင်ရတာ ကြာတော့ သူတို့လည်း စားဖို့ နေဖို့ခက်လာတာပေါ့၊အစားသောက်တွေ အလုပ်ကိုင်တွေ ကူညီပေးဖို့ လိုတာပေါ့လေ။”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်းတယမြို့နယ်တွင် စစ်သုံးဆီ တစ်လီတာ ငွေကျပ် (၃၀၀၀)မှ ကျေးရွာဘက်တွင် (၄၀၀၀)ကျပ်အထိမြင့်တက်နေပြီး ကုန်ဈေးနှုန်းလည်း ကြက်ဥတစ်လုံး ကျပ်(၅၀၀) အထိ ကုန်စျေးနှုန်း မြင့်တက်လာသည်။

ထို့အပြင် စစ်ရှောင်ကူညီသူများကို လာရောက်ကူညီသူများလည်း မရှိသလောက် နည်းပါးလာကြောင်း စစ်ရှောင် ကူညီနေသူ အမျိုးသမီးက ပြောသည်။

လက်ရှိပင်းတယ မြို့နယ်တွင် စစ်ကော်မရှင်တပ် အခြေစိုက်ပြီး ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း ၊ စစ်မှုထမ်းငွေ ကောက်ခံခြင်းများကို စစ်တပ်လက်အောက်ခံ ပျူစောထီးများက လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်း ရွာငံမြို့နယ် ရဲနဲကျေးရွာအုပ်စုကို စစ်တပ်က ဗုံးကြဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ (၈၀၀)ကျော် စစ်ဘေးရှောင်ခဲ့ရပြီး တစ်ချို့သော ရွာငံစစ်ရှောင်များမှာ ယနေ့အထိ ပင်းတယမြို့နယ်တွင် ခိုလှုံနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...