ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင် စတင်ကျင်းပ ပြုလုပ်နေသည်။

ပင်းတယမြို့နယ်အတွင်း မဲရုံ ၄၉ ရုံ ရှိပြီး မဲရုံတစ်ရုံစီ၌ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ် ၇ ဦးမှ ၉ ဦးအထိ လုံခြုံရေး ယူပေးထားပြီး ဒေသခံများက မဲမထည့်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ကြောက်လန့်စိတ်ဖြင့် မဲသွားထည့်နေရကြောင်း ဒေသခံများက ပြောသည်။

“မဲပေးတဲ့သူတော့ ရွာအုပ်စုတွေ ပေါင်းရင်တော့ များတယ်။ ပြည်သူတွေက ပေးချင်လို့တော့ မဟုတ်ဘူး၊ မဲမပေးရင် ဖမ်းမယ်လို့ ကြားတော့ သူတို့တွေ မဲသွားထည့်ကြရတာ။ မထည့်ရင် နောက်ဆက်တွဲတွေ ရှိလာနိုင်တော့ သွားထည့်ရတာ။ မဲရုံမှာက ပြည်သူ့စစ်တွေက လက်နက်ကိုင် စောင့်ကြည့်နေတာ”ဟု ပင်းတယမြို့နယ်တွင် ဆန္ဒမဲသွားပေးသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ မဲပေးရာတွင် မှတ်ပုံတင်များ ယူဆောင်သွားရပြီး နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း မဲထည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မဲစာရင်းတွင် အမည်မပါသူများကို အမည်စာရင်း ပြန်လည်တင်ခိုင်းကြောင်း၊ မဲမပေးသူများကို စာရင်းနှင့် တိုက်စစ်ကာ မှတ်ယူထားသောကြောင့် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်တွင် ပင်းတယမြို့နယ်မှ တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက မဖြစ်မနေ ကြိုတင်မဲထည့်ကြရန် သွယ်ဝိုက်၍ ဖိအားပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။