ပင်းတယ
ပင်းတယမြို့ ပြည်သူ့နေအိမ် ၈ လုံးဖောက်ထွင်းခံရ
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း သူခိုးများသောင်းကျန်းနေပြီး ပြည်သူ့နေအိမ် ၈ လုံး ဖောက်ထွင်း ခံနေရသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဖြေရှင်းခြင်း မရှိကြောင်း သတင်းသိရသည်။ ယခု သြဂုတ် ၁၉ ရက် တစ်ရက်တည်းပင် ပင်းတယမြို့မှ ဖောက်ထွင်းခံရသည့် ပြည်သူ့ နေအိမ် ၈ လုံးအနက် သစ်အယ်ပင်ကျေးရွာမှ...
မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...
ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး
သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင်...
ပင်းတယစစ်ရှောင်များ စား၀တ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မိုးရာသီရောက်ရှိလာသဖြင့် စား၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၅၀ ကျော်သည် မိုးရာသီကာလအတွင်း ဆေး၀ါး၊ ရေလှဲ၀တ် နှင့် အမျိုးသမီး လစဥ်သုံးများ အရေးပေါ် လိုအပ်နေသည် ဟု...
ပင်းတယမြို့မှ ကရင်နီစစ်ဘေးရှောင်များ စိုးရိမ်စိတ်များနှင့် နေရပ်ပြန်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စိုးရိမ်စိတ်များ စွာဖြင့် နေရပ်သို့ ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် ပင်းတယမြို့နယ်ရောက် ကရင်နီစစ်ရှောင်များတချို့သည် နေရပ်ပြန်လိုသည့်အတွက်ကြောင့် ဒေသတွင်း ပရဟိတသမားများ ပူးပေါင်းပြီး စစ်ရှောင်များကို နေရပ် ပြန်ပို့ပေးကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ပင်းတယမြို့ပစ်ခတ်မှု PDF ရဲဘော်နှစ်ဦး ကျဆုံး
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ရပ်ကွက် သစ်အယ်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်ဟု ထင်ရသည့် လူငယ်နှစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းကို စစ်ကောင်စီတို့ ယူဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ...
ပင်းတယမြို့တွင်း စစ်ကောင်စီတပ်သားများရှိသည့်ကြား ခိုးယူလုယူမှုပိုများလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေသည့်ကြား ခိုးယူလုယူမှုလည်း ပိုများပြားလာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပင်းတယမြို့နယ်အတွင်းတွင် ပြည်သူနေအိမ်များအထိ စစ်ကောင်စီ တပ်သားတို့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများအပြင် ဒေသတွင်း သူခိုးများလည်း ပေါများလာသည့် အတွက် နေ့စဥ် လူနေမှုဘဝ မလုံခြုံကြောင်း...
CDM မှ NON CDM ပြန်လုပ်သည့် ပင်းတယမြို့ ဝန်ထမ်း တချို့ လစာမရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် CDM လုပ်ပြီး NON CDM ပြန်လုပ်သည့် ဌာနဆိုင်ရာဝန်ထမ်း တချို့ သည် လစာမရကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်သည့်အတွက် မြန်မာပြည်သူများသည် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး...





