ပင်းတယမြို့မှ ကရင်နီစစ်ဘေးရှောင်များ စိုးရိမ်စိတ်များနှင့် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စိုးရိမ်စိတ်များ စွာဖြင့် နေရပ်သို့ ပြန်သွားကြောင်း သတင်းသိရသည်။

ပင်းတယ

ပြီးခဲ့သည့် ဧပြီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် ပင်းတယမြို့နယ်ရောက် ကရင်နီစစ်ရှောင်များတချို့သည် နေရပ်ပြန်လိုသည့်အတွက်ကြောင့် ဒေသတွင်း ပရဟိတသမားများ ပူးပေါင်းပြီး စစ်ရှောင်များကို နေရပ် ပြန်ပို့ပေးကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တချို့က နေရပ်ပြန်ကြတယ်ဆိုလို့ ကျနော်တို့နဲ့ တခြားပရဟိတတွေပေါင်းပြီးတော့ စစ်ရှောင်တွေကို နေရပ်ပြန်ပို့ပေးကြပါတယ်၊ ကျနော်တို့က စစ်ရှောင်တွေကို ဆောင်းပြောင်းအထိပဲပို့ပေးနိုင်ပါတယ်၊ ကျန်တာကတော့ ဖယ်ခုံနဲ့ မိုးဗြဲဘက်က တခြားလူမှုရေးအသင်းတွေကို လာကြိုခိုင်းရတာပေါ့” ဟု အထက်ပါ လူမှုကူညီရေး အသင်းဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေရပ်ပြန်သည့် စစ်ရှောင်များအနက် တချို့စစ်ရှောင်များအတွက် စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ ပေးရကြောင်း စစ်ရှောင်များကို နေရပ်ပြန်ပို့ပေးသည့် ပရဟိတသမားများထံမှ သိရသည်။

“ပြန်တဲ့ စစ်ရှောင်တွေထဲက တချို့ဆို ဆန်လည်းမရှိလို့ ဆန်အိတ်တွေနဲ့ တခါတည်း ပို့ပေးရတာရှိတယ်၊ ပြီးတော့ မရှောင်လာနိုင်ဘဲ ဖယ်ခုံမြို့ထဲက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ စစ်ရှောင်တွေအတွက်လည်း ရိက္ခာတွေ ပို့ပေးရတာ ရှိတယ်၊ ဒီပြန်သွားတဲ့ စစ်ရှောင်တွေက အများစုက ဖယ်ခုံ၊ မိုးဗြဲဘက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပင်းတယမြို့ထဲ ရောက်ရှိနေသည့် ကရင်နီ စစ်ရှောင် ၆၀၀ ကျော်အနက် တိုက်ပွဲငြိမ်သက်နေသည့် ဒေသများမှ စစ်ရှောင် ၂၀၀ ခန့်က နေရပ်ပြန်သွားကြခြင်း ဖြစ်ကြောင်းသိရသည်။

“နယ်မြေငြိမ်တဲ့ ဒေသက သူတွေပဲ ပြန်ကြတာပေါ့၊ တချို့ဒေသက ရွာထဲ တိုက်ပွဲမဖြစ်ပေမဲ့ ရွာအနီးမှာတော့ တိုက်ပွဲဖြစ်နေသေးလို့ စိုးရိမ်စိတ်တော့ ရှိတာပေါ့နော်၊ ဒါပေမဲ့ အိမ်ကိုလည်း ပြန်ချင်နေကြတယ်ဆိုတော့ စိုးရိမ် စိတ်တွေနဲ့ သူတို့ကို ပြန်ပို့ပေးရတယ်၊ အခုက ၂၀၀ ကျော်ပြန်သွားပြီ” ဟု လူမှုကူညီရေးအသင်းဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်တွင် တိုက်ပွဲအခြေအနေများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတို့၏ အင်အားဖြည့်တင်းမှုများက ဆက်လက်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...