CDM မှ NON CDM ပြန်လုပ်သည့် ပင်းတယမြို့ ဝန်ထမ်း တချို့ လစာမရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် CDM လုပ်ပြီး NON CDM ပြန်လုပ်သည့် ဌာနဆိုင်ရာဝန်ထမ်း တချို့ သည် လစာမရကြောင်း စုံစမ်းသိရသည်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်သည့်အတွက် မြန်မာပြည်သူများသည် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး အစိုးရ ဝန်ထမ်းများလည်း CDM ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“CDM လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် NON CDM ပြန်လုပ်၊ အလုပ်ပြန်ဝင်တဲ့သူတွေက အစပိုင်းမှာ ၃ လက လစာမရဘူးပြောတယ်၊ နောက်တော့ ၄ လလည်း မရဘူး၊ ၅ လလည်းမရဘူး၊ ၆ လအထိ မရဘူး၊ CDM လုပ်တဲ့ အတွက်ကြောင့် ဆိုပြီး အထက်လူကြီးက ပြောတယ်” ဟု ပင်းတယမြို့မှ ဖြစ်စဥ်များကို သိရှိရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့မှ ဌာနဆိုင်ရာတချို့၏ ဦးစီးအရာရှိများသည် ယခင်ကတည်းက လာဘ်စားခြင်း၊ ဝန်ထမ်းများ၏ လုပ်ခ လစာများကို ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေပြီး လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လာဘ်စားခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

“အဲ့ဌာနက ဝန်ထမ်းတွေ လုံခြုံရေးအတွက်ကြောင့် ဘယ်ဌာနလို့တော့ မပြောတော့ဘူး၊ ဒါပေမဲ့ လစာမရတာက အမှန်ပါ၊ အလုပ်စဝင်တုန်းကတော့ ပေးမှာလိုလိုနဲ့ စည်းရုံးပြောဆိုခဲ့ပြီး အလုပ်ပြန်ဝင်တော့ ဘယ်လက ပေါင်းပေးမယ် လိုလိုနဲ့ ပြောနေတာ ၆ လစာလုံးလုံးမရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တချို့သော ဌာနများတွင် CDM လုပ်ဆောင်သွားသည့် ဝန်ထမ်းများအစား လာဘ်ထိုးကာ နေရာဝင်ယူလိုသည့် ဝန်ထမ်းများကြောင့် ရုံးတွင်း စာရင်း အချက်အလက်များနှင့် ငွေကြေးကွာဟမှုများလည်း ရှိနေပြီး ပြဿနာများကို CDM လုပ်သွားသည့် ဝန်ထမ်းအပေါ်သာ ပုံချပြောဆိုမှုများ ရှိနေကြောင်း သတင်းသိရသည်။

“ကျမက ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက CDM လုပ်ပြီး မိသားစုနဲ့ ရှောင်ထွက်လာလိုက်တာ၊ ကျမနေရာကို ဝင်ယူ တဲ့သူက ရုံးတွင်းစာရင်းဇယားတချို့ဖျောက်ပြီး ငွေကြေးကို အလွဲသုံးစားလုပ်ခဲ့တယ်၊ အထက်လူကြီးနဲ့ ပေါင်းပြီးလုပ်စားတာပေါ့၊ ဒါပေမဲ့ အစီရင်ခံစာမှာတော့ ပြဿနာက ကျမကိုပုံချတယ်” ဟု ပင်းတယမြို့မှ အစိုးရ ဌာနတစ်ခုတွင် ငွေကြေးစာရင်းကိုင် လုပ်ခဲ့ပြီး လက်ရှိ CDM လုပ်နေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပင်းတယမြို့သည် စစ်တပ်အခြေစိုက်လှုပ်ရှားမှုမရှိသော်လည်း စစ်တပ်ထောက်ခံသူနှင့် စစ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး လုပ်စားသည့် ဌာနဆိုင်ရာအသီးသီးမှ လူကြီးတို့၏ အန္တရာယ်ကြောင့် အာဏာရှင် တော်လှန်ရေးအဖွဲ့များနှင့် ဝန်ထမ်းများအတွက် များစွာ အနှောင့်အယှက်ဖြစ်စေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...