Thursday, June 20, 2024

CDM

ညောင်ရွှေ CDM ကျန်းမာရေးဝန်းထမ်း ၃ ဦး ဖမ်းဆီးခံရ၊ ပြန်မလွှတ်လာသေး

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်း နေထိုင်သည့် CDM ကျန်းမာရေးဝန်ထမ်း ၃ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ရက်) တွင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာနေ CDM...

နောင်ချိုမြို့ CDM ပြုလုပ်သည့် ဒု – မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ၊ နောင်ချိုမြို့ ဒု - မြို့နယ် အုပ်ချုပ်ရေးမှူးသည် CDM လုပ်ပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်သည် ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး...

စာသင်ခန်းတွင် နိုင်ငံရေးအကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီမှာကြား

ယခု ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းဆရာ ၊ ဆရာမ များကို နိုင်ငံရေး အကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီက မှာကြားထားကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ် အာဏာသိမ်း ၂ နှစ် နောက်ပိုင်း စာသင်ကျောင်းတွင် နိုင်ငံရေး မသင်ကြားရန် နှင့် ကျောင်းသားများကို နိုင်ငံရေး...

သြဂုတ်လ အထိ CDM မပြုလုပ်သူများကို PSLF/TNLA မှ အရေးယူမည် ဟုဆို

သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သည် သြဂုတ်လ အထိ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးမှတစ်ဆင့် ဖေဖော်ဝါရီလမှ စတင်ကာ သြဂုတ်လ အထိ...

သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ဘော်ကြို ယမန်နေ့ (ဇန်နဝါရီလ ၂၉) ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက...

စစ်ကောင်စီ လူဦးရေ စာရင်းကောက်ရာ PDF နှင့် CDM ပြုလုပ်သူ ရှိ၊ မရှိကြောင်းမေးမြန်းနေ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နှင့်ကျေးလက်ဒေသ ကျေးရွာများတွင် စစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းထဲမှ လူဦးရေ လျော့နေပါက စစ်ဆေးမေးမြန်းမှုများရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (ဒုတိယအပတ်)တွင် စတင်ပြီး ပင်လောင်းမြို့တွင် လူဦးရေ စာရင်းကောက်ယူရာတွင် အိမ်ထောင်စုထဲမှ လူဦးရေ လျော့နည်းမှု ရှိပါက PDF နှင့် CDM...

CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ဆက်တိုက် ဖမ်းဆီးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၅) ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့မှ CDM လုပ်သည့်...

မြေဖြူကိုင်လက်မှ သေနတ်စွဲကိုင် တော်လှန်တဲ့ လူငယ်

မြေဖြူကိုင်တဲ့ လက်ဟာ လက်နက်ကိုင်ဆောင်ပြီး တော်လှန်ရေးထဲ ဝင်ရောက်လာရမယ်လို့ တကြိမ်တခါမှ ကိုအာကာ တယောက် စိတ်ကူးမယဥ်မိပါဘူး။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းမှုကြောင့် မထင်မှတ်တဲ့ စိတ်ကူးတောင် မယဥ်ခဲ့တဲ့ ကိစ္စဟာ ဖြစ်လာတော့တာပဲ။ ကိုအာကာ တယောက် က သျှမ်းပြည်တောင်ပိုင်း...

ကျိုင်းတုံက အကျဥ်းသား ၄၃ ဦးလွှတ်သည့်ထဲ CDM ဆရာမ မီဆော မပါလာ

သျှမ်းသံပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းထောင်မှ အကျဥ်းကျနေသူများအနက် ၄၃ ဦးလွှတ်မြောက်လာ သော်လည်း ပထမဆုံး ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမ မီဆော မပါလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မ နှင့် တခြားသော...

စစ်ကောင်စီကို ဝေဖန်ရေးသားသည့်စာ လူမှုကွန်ရက်ပေါ်တင်သည့် CDM ကျောင်းဆရာမ တစ်ဦး ဖမ်းခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုတွင် နေထိုင်သည့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ အဆိုပါ CDM ကျောင်းဆရာမ သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဝင်ငွေမရှိပါဘူးဆို ဖုန်းကပျက်သေး ငိုးမ မအလ” ဟု ရေးသားဖော်ပြထားမှုကြောင့် အောက်တိုဘာ (၂၃)...

Latest news