သြဂုတ်လ အထိ CDM မပြုလုပ်သူများကို PSLF/TNLA မှ အရေးယူမည် ဟုဆို

သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သည် သြဂုတ်လ အထိ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

PSLF/TNLA ထုတ်ပြန်ကြေညာချက်

PSLF/TNLA သတင်း နှင့် ပြန်ကြားရေးမှတစ်ဆင့် ဖေဖော်ဝါရီလမှ စတင်ကာ သြဂုတ်လ အထိ CDM မပြုလုပ် ရသေးသည့် သူများ (Non – CDM) များကို CDM ပြုလုပ်ကြရန် နှင့် CDM မပြုလုပ်သူများသည် အရေးယူ ဆောင်ရွက်ခြင်း ခံရမည် ဟု ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းမှာလည်း TNLA တပ်ဖွဲ့သည် ကျောက်မဲမြို့နယ်မှ မိုင်းတင်းကျေးရွာအုပ်စု အတွင်းက စာသင်ကျောင်းများကို စစ်ကောင်စီမှ ခန့်အပ်ထားသည့် Non – CDM စာသင်ခွင့် မရှိဟု ဆိုကာ ဆရာ/ဆရာမများကို တားမြစ်ခဲ့သည့်အတွက် စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။

ယခု တစ်ကြိမ် TNLA တပ်ဖွဲ့မှ Non – CDM များကို ထပ်မံ ဖိအားပေး ခြိမ်းခြောက်လာခြင်း နှင့် ပတ်သက်ပြီး ပညာရေးပိုင်း နှင့် ကျေးလက်ဒေသ ကျန်းမာရေး ထိခိုက် နစ်နာမှုများ ရှိလာမည်ကို စိုးရိမ်ရသည့် အကြောင်းလည်း ကျောက်မဲမြို့နယ်ခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“CDM တွေသာ စာသင်ခွင့်ရှိမယ်၊ အလုပ်လုပ်နိုင်မယ် ဆိုရင် အဲ့ CDM သမားတွေအတွက် စစ်ကောင်စီရဲ့ ရန်ကို TNLA က ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ၊ ပြီးတော့ Non – CDM တွေသာ လုပ်သွားကြရင် သူတို့အတွက် အသက်မွေးဝမ်းကျောင်း ဘယ်လိုလုပ်ပေးမှာလဲ ဆိုတာ မေးစရာရှိလာတယ်၊ ဒါကြောင့် နစ်နာတာက ပြည်သူတွေပဲ ဖြစ်မှာ၊ ဆေးရုံ ဆေးခန်းက ဝန်ထမ်း မရှိ၊ စာသင်ကျောင်းက ဆရာ/မတွေ မရှိ အဲ့လိုတွေ ဖြစ်မှာကို စိုးရိမ်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် အနုနည်းလမ်းဖြင့် အာဏာဖီဆန် ဆန့်ကျင်သူများ (CDM) သည် အများအားဖြင့် ပညာရေး ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်းတို့မှ ဖြစ်ကြပြီး အချို့သော CDM များသည် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

ထို့ကြောင့် CDM ပြုလုပ်ကြရန် ဖိအားပေး ခြိမ်းခြောက်လာသည့် PSLF/TNLA မှ CDM သမားများကို အလုပ်အကိုင် အခွင့်အလမ်းများ နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးသင့်ကြောင်း ဝေဖန်ပြောဆိုသံများ ထွက်လာသည်။

ယင်းကဲ့သို့ PSLF/ TNLA မှ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာ လာခြင်း နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...