စာသင်ခန်းတွင် နိုင်ငံရေးအကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီမှာကြား

ယခု ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းဆရာ ၊ ဆရာမ များကို နိုင်ငံရေး အကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီက မှာကြားထားကြောင်း စုံစမ်းသိရှိရသည်။

ကျောင်းသား/သူများ

စစ်တပ် အာဏာသိမ်း ၂ နှစ် နောက်ပိုင်း စာသင်ကျောင်းတွင် နိုင်ငံရေး မသင်ကြားရန် နှင့် ကျောင်းသားများကို နိုင်ငံရေး နှင့် ပတ်သက်သည့်ကိစ္စ မပြောဆိုရန် မှာကြားထားကြောင်း CDM ဆရာများထံ သိရှိရသည်။

“ နိုင်ငံရေး အကြောင်းတွေ မသင်နဲ့တဲ့။ ကျောင်းသားတွေကိုလည်း နိုင်ငံရေး အခြေနေတွေကို မပြောပြဖို့ မသင်ဖို့မှာ ထားတယ်တဲ့။ သင်ရင် ဘာလုပ်မလဲဆိုတာတော့ မပြောဘူး” ဟု သျှမ်းပြည်တွင်း CDM ပြုလုပ်နေသည့် ဆရာမ များထံမှ သိရသည်။

အလားတူ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ကို စနစ်သစ် အထက်တန်းကျောင်းကို ၁၂ တန်းထိ ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့ အထက်တန်း တက္ကသိုလ်ဝင်တန်း ၁၂ တန်းထိ ထားရှိသွားသည့် အတွက်ကြောင့် အကြောင်း အမျိုးမျိုးဖြင့် ၁၀ တန်း ကျရှုံးသူများ နှင့် ၁၀ တန်း မဖြေဆိုသူများ အနေဖြင့် ယခု ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းတက်ခွင့် မရှိတော့ကြောင်း သိရသည်။

အဆိုပါ ၁၀ တန်းကျသူများ ကျောင်းတက်ခွင့် မရခြင်းသည် ပြင်ပ ကျောင်းတွင် လေ့လာပြီး ၁၂ တန်းကို ဖြေဆိုရမည်ဖြစ်ကြောင်း Nice Education Service က တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အစိုးရ စာသင်ကျောင်း

“ အကြောင်းအမျိုးမျိုးကြောင့် ၁၀ တန်းကျထားတဲ့သူတွေ ၊ ၁၀ တန်း မဖြေထားတဲ့ သူတွေကတော့ ကျောင်းတက်လို့ မရတော့ဘူး။ သူတို့ ဘာသာ အပြင်မှာ ကိုယ်တိုင်လေ့လာရမှာပေါ့။ ဒါမဲ့ သူတို့က ၁၂ တန်းစာကိုလေ့လာရမှာ။ ကျောင်းမလာတက်ရတော့ဘူး။ စာဖြေတဲ့ အချိန်မှ လာဖြေပေါ့။ ပြင်ပကျောင်းမှာ ကိုယ်တိုင်ရှာပြီး လေ့လာရမှာပေါ့” ဟု ၎င်းကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အွန်လိုင်းစနစ်ဖြင့် စာသင်ပေးမှုလည်း ရှိနေသည်။

ထိုသို့ NUG မှ ဖွင့်လှစ်သင်ကြားပေးသည့် ပညာရေးစနစ်ကို တက်ရောက်နေသူများကို စစ်ကောင်စီက ဖမ်းဆီးနေလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလထဲတွင် သျှမ်းပြည် မူဆယ်မြို့နယ်ထဲရှိ NUG ကျောင်းကို တက်ရောက်နေသည့် ကျောင်းသူ၏ မိဘက စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ ကလေးကိုတော့ မဖမ်းသွားဘူး။ သူ့အမေကို ဖမ်းသွားတာပေါ့။ အခုထိတော့ ပြန်မလွတ်လာသေးဘူး။ အချုပ်ခန်းထဲမှာကိုပဲ အမှုစစ်ဆေးနေတယ်တဲ့။ NUG က ဖွင့်တဲ့ ကျောင်းကိုတက်နေရင်တော့ သူတို့ လာဖမ်းသွားတယ်။ မူဆယ်မှာတော့ ဖမ်းခံရတာ ၁ ယောက်ပဲရှိသေးတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီက ကျောင်းသား / သူများအနေဖြင့် ပညာရေးလေ့လာခွင့်ကို ပိတ်ပင်ထားသည့် အတွက်ကြောင့် ကျောင်းဆက်မတက်လိုကြောင်း လဲချားမြို့ ၁၀ တန်းကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်က ပြောသည်။

“ နိုင်ငံရေးမဖြစ်ခင်တုန်းကတော့ ၁၀ တန်း တက်ထားတယ်။ ဒါမဲ့ အပြီးထိ မတက်ရဘူး။ နိုင်ငံရေးဖြစ်တော့ ဆက်မတက်တော့ဘူး။ CDM လုပ်လိုက်တာ။ အခု ၁၀ တန်းက တက်လို့မရတော့ဘူး။ စစ်ကောင်စီက ပညာသင်ကြားပေးတာ ပိတ်ပင်တယ်လေ။ အခုတော့ တစ်ခြား ဘာသာတွေကို လေ့လာနေတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲသည့် ၂၀၂၂ – ၂၀၂၃ ခုနှစ် စစ်ကောင်စီ ၏ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စာရင်း ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...