တော်လှန်ရေးကို အရှက်ရစေတဲ့ လိင်ပိုင်းကျူးလွန်မှု အချုပ် (၆)လ ချမှတ်မှု

“ကျောင်းသားလေးတွေကို ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မယ်လို့ မထင်ခဲ့သလို ကျောင်းဆရာကို ၆လပဲ ပြစ်ဒဏ်ပေးတာကမဖြစ်သင့်ဘူး” ဟု ဖယ်ခုံမြို့ ကလေးတစ်ဉီး၏ မိခင်က ရင်ဖွင့်ပြောလာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄ )ရက်တွင် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ ကျောင်းတာဝန်ခံ ခွန်ဇော်ဇော်(ခ) ဇော်ဇော်ထွန်းသည် အသက်(၁၆)နှစ်အောက် Grade-9, နဲ့ Grade -10 မှ ကျောင်းသား(၇) ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ ကျူးလွန်ထားသည်ဟု ထွက်ဆိုခဲ့သည်။

ထိုထွက်ဆိုပြီးနောက်ပိုင်းတွင် ပြစ်မှုကျူးလွန်သည့် ကိုဇော်ဇော်ထွန်းကို ဇန်နဝါရီ ၂၈ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အချုပ်(၆)လ ချမှတ်လိုက်ပြီး၊ ၎င်းက ကျူးလွန်ခံရသူများကို ကျပ်သိန်း (၂၀)စီပေးကာ ကျေအေးလိုက်ရသည်။

“ကျူးလွန်ခံရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေရဲ့ သဘောဆန္ဒအရ အဲ့ကျောင်းဆရာကို အရေးမယူလိုဘူး။ ကျောင်းနဲ့သက်ဆိုင်ရာ တာဝန်တွေ ရပ်နားစေလိုတယ်ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ တကယ်တော့ ဒါက ဘာမှ နားမလည်တဲ့ ကျောင်းသားမိဘတွေကို အခွင့်ကောင်းယူ အနိုင်ကျင့်တာပဲ” ဟု ဖယ်ခုံမြို့ ကလေးမိခင်တစ်ဉီးက ဆိုပြန်သည်။

ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ (ပလဖ) သည် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထားပြီး အချုပ်(၆)လ သာချမှတ်သော ကိစ္စသည် တရားမျှတမှုမရှိသည့်အပြင် ဝေဖန်မှုများလည်း မြင့်တက်နေသည်။

“ ကျောင်းဆရာဖြစ်ပြီး ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မကာကွယ်တဲ့အပြင် ဒီလို အချုပ်(၆)လပဲချတာက မတရားဘူး။ သူ(ကျောင်းဆရာ) ကျူးလွန်ခဲ့တာက ကျောင်းသားတစ်ယောက်တည်းမဟုတ်ဘူးလေ (၇)ယောက်တောင်ဆိုတော့ ကြီးလေးတဲ့ ပြစ်ဒဏ်တော့ ချသင့်တယ်” ဟု ၎င်းမိခင်က ပြောသည်။

ကလေးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည့် ကျောင်းဆရာ ဇော်ဇော်သည် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာဇာတိ ဖြစ်ပြီး၊ စစ်အာဏာမသိမ်းမှုကြောင့် ကျောင်းသား CDM ပြုလုပ်လာပြီး တက္ကသိုလ် ဝင်တန်း အောင်မြင်မှုမရှိသေးပေ။

ပြစ်မှုကျူးလွန်ခဲ့သောနေရာသည့် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ကျောင်းတွင်ဖြစ်ပြီး၊ ၎င်းကျောင်းတွင် ကျောင်းသားဉီးရေ (၁၅၀)ရှိကာ ကျေးရွာ ရန်ပုံငွေဖြင့် ရပ်တည်နေရသော ကျောင်းဖြစ်သည်။

ပြစ်မှုကျူးလွန်ခဲ့သူ(ဇော်ဇော်)သည် စစ်ဘေးရှောင်ကျောင်းအတွက် ရန်ပုံငွေများ ရှာပေးနိုင်သည့်သူဖြစ်သောကြောင့် ကျောင်းတာဝန်ခံ ရာထူးကို လည်း ယူထားသေးကြောင်း ဖယ်ခုံမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဉီးက ပြောပြသည်။

ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အနေဖြင့် ၎င်းအမှုကို ပြန်လည်စိစစ်ပြီး ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ယခုကဲ့သို့ အချုပ် (၆)လချမှတ်ခြင်းသည် တော်လှန်ရေး ကို မျက်နှာပျက်စရာဖြစ်စေကြောင်းလည်း တော်လှန်ရေး အင်အားစုများက ထောက်ပြပြောဆိုလိုက်သည်။

“ကျနော်အနေနဲ့ကတော့ ဒီထက်ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ပြောချင်တယ်။ ကျောင်းဆရာတစ်ယောက်ဟာ စံပြသူဖြစ်ရမယ်။ ဒါကြောင့် တခြားသူတွေ ဒီလို ထပ်မလုပ်နိုင်အောင် ပြစ်ဒဏ်ကို ကြီးလေးချရမယ်။ ကျောင်းသား(၇)ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့အတွက် ပိုပြီး ပေးသင့်တယ်” ဟု ကရင်နီတော်လှန်ရေး တပ်သား တစ်ဉီးက ထောက်ပြပြောဆိုလိုက်သည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း (Sexual harassment )သည် အာဏာကို အသုံးပြုပြီး ခန္ဓာကိုယ် အသားယူ ကိုင်တွင်ခြင်း ၊ အတင်းအဓမ္မ ဖိအားပေးကာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မိမိမကြိုက်သည့် စကားအသုံးအနူန်း ဖြင့် ပြောဆိုခံရခြင်း၊ ညစ်ညမ်းသည့် စကားလုံးများဖြင့် အွန်လိုင်းပေါ်မှာ ဖြန့်ဝေခံရခြင်း စသည်တို့ဖြစ်သည်။

ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်လျှင် ရာဇသတ်ကြီး ပုဒ်မ (၃၇၆) ဖြင့် အရေးယူနိုင်ပြီး ကလေးသူငယ်များအား မုဒိမ်းကျင့်လျှင့် ထောင်ဒဏ် နှစ်(၂၀)မှ ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သည်။

သို့သော် ယခု ဖယ်ခုံမြို့နယ် (ပလဖ) မှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ကျောင်းဆရာဇော်ဇော်ကို အချုပ် (၆)လ ချမှတ်ခြင်းသည် ကျောင်းသားသူငယ်များ၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများလာအောင် ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ဖယ်ခုံဒေသခံများက မှတ်ချက်ပြုသည်။

“ ဒီလို လူတွေကို အပြီးသတ်အဆုံးစီရင်ရမှာ။ ၆လ ချမှတ်လိုက်တာက နောက်နောင်ကျူးလွန်မယ်သူကို အခွင့်အရေး ပေးသလို နောက်ပြီး လိင်ပိုင်းဆိုင်ရာတွေက ငွေပေးပြီး ကျေအေးလို့ရတယ်ဆိုတာ ပြလိုက်တဲ့သဘောပဲ။ တော်လှန်ရေးသမား တွေက မပြတ်သားဘူး” ဟု ဖယ်ခုံမြို့ဒေသခံ မောင်ထွန်း က ပြောသည်။

လက်ရှိ ကျူးလွန်ခံရသောကလေးငယ်များသည် ရှက်စိတ်ဖြင့် ကျောင်းမသွားကြတော့ဘဲ အိမ်ထဲတွင် နေနေကြောင်း ကျူးလွန်ခံရသည့် ကျောင်းသားတစ်ဉီး၏ မိခင်က စိတ်မကောင်းစွာဖြင့်ပြောသည်။

“ ကလေးတွေက ရှက်လို့ကျောင်းမသွားတော့ဘူး။ တချို့ကလေးတွေက လှောင်ကြတယ်။ အိမ်ထဲကနေအိမ်ပြင် တောင်မထွက်တဲ့ကလေးရှိတယ်။ သူတို့က နောက်ထပ်ဖြစ်မှာစိတ်ပူနေကြတာ” ဟု ၎င်းမိခင်က ဆိုသည်။

ယခုကိစ္စသည် တော်လှန်ရေးကို ထိခိုက်ပြီး၊ ထိရောက်စွာ အရေးမယူနိုင်သည့်အတွက် နောက်နောင်ကျူးလွန်မည့်သူကို အခွင့်အရေး ပေးသကဲ့သို့ဖြစ်နေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး နာင်းမို့မို့ က ပြောဆိုလိုက်သည်။

“အခုကိစ္စက တော်လှန်ရေးမှာဆို အရမ်းထိခိုက်တယ်။တော်လှန်ရေးဆိုတာက အာဏာရှင်ကို တော်လှန်ရုံတင်မဟုတ်ဘူး စနစ်တစ်ခုလုံး ပြီးတော့ အယူအဆ အတွေးအခေါ်တွေ ကမှအစ တော်လှန်တာ။အမျိုးသမီး ၊ကလေးအစရှိသဖြင့် သူတို့အပေါ် အကြမ်းဖက်မှုမျိုးလဲ တော်လှန်နေတာဖြစ်တော့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မဆုံးဖြတ်သင့်ဘူး” ဟု နာင်းမို့မို့ က ထောက်ပြပြောဆိုသည်။

ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုသည် ကြီးလေးသည် ပြစ်ဒစ်ချမှတ်သင့်ကြောင်း၊ ကလေးငယ်များ၏ ပြင်ပနာကျင်မှု အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကိုလည်း ထည့်သွင်းစဉ်းစားကာ တရားမျှတမှုရှိရှိ အပြစ်ပေး အရေးယူသင့်ကြောင်း နာင်းမို့မို့ က ဆိုပြန်သည်။

“ ကျူးလွန်သူကိုလည်း ထိရောက်စွာ အပြစ်ပေးအရေးယူရမယ်။ ကျူးလွန်ခံရတဲ့ကလေးတွေကိုလည်း ကူညီပံ့ပိုးမှု ဆက်လက်လုပ်ဆောင်ရမယ်” ဟု သူက ဆက်လက်ပြောသည်။

ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်အလျောက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရကာ စိတ်ဒဏ်ရာဖြင့် ဘဝတလျောက်လုံး အရိပ်မဲကြီးဖြစ်သွားနိုင်ကြောင်း ဖယ်ခုံလူထုက ဆိုသည်။

“ ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကြည့်ဖို့လိုတယ်။ ကလေးတွေရဲ့ မိဘတွေက ဒီကိစ္စတွေကို သိရှိနားလည်တာမဟုတ်ဘူး၊ အသက်မပြည့်သေးတဲ့ကလေးကိစ္စကိုပိုပြီးအလေးအနက်ထားပြီး ကလေးမိဘတွေကျေအေးရင်တောင် တော်လှန်ရေးတပ်ဖွဲ့တွေက ဥပဒေအရဆောင်ရွက်ဖို့လိုအပ်တယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဉီးက မှတ်ချက်ပြုသည်။

ထို့အပြင် ပြစ်မှုကျူးလွန်ခဲ့သည့် ဇော်ဇော်ပြန်လွတ်မြောက်လာပါက ကျောင်းသားများနှင့် မိဘများကို ဆက်လက် ဒုက္ခပေးမည်ကို စိုရိမ်နေကြသည်။

“ပြစ်ဒဏ်က (၆)လတည်းဆိုတော့ ခဏလေးပဲ။ ပြန်လွတ်လာပြီး ဒုက္ခပေးရင် ဘယ်လိုလုပ်မှာတုန်း။ တွေးပြီး ကြောက်နေရတယ်”ကျောင်းသားမိဘတစ်ဉီးက ဆိုသည်။

စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ပွဲဝင်နေချိန်ကာလတွင် တော်လှန်ရေးတပ်သားများ၊ တော်လှန်ရေးတွင်ပါဝင်နေသော ပြည်သူများအဖွဲ့အစည်းများအားလုံကို လေးစားသည့်အနေဖြင့် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် ကျောင်းဆရာ၏ အမှုကို ပြန်လည်စိစစ်ရန်နှင့် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည့်အမှုကို ပေါ့လျော့စွာ မထားဘဲ အလေးအနက် ထည့်သွင်းစဉ်းစားပေးရန် ဖယ်ခုံမြို့နယ် ကျောင်းသားမိခင်တစ်ဉီးက တောင်းဆိုလိုက်သည်။

“တော်လှန်ရေးမှာ ဒီလိုဖြစ်တာတော့ ကျမအနေနဲ့လက်မခံဘူး။ ကျမတို့က စစ်တပ်ကိုလည်းကြောက်ရတယ်။ အခုက တော်လှန်ရေး ဘက်တော်သားတွေကိုပါကြောက်ရတော့မယ့်သဘောပဲ။ ကလေးတွေက စစ်ရှောင်ရတဲ့အပြင် အခုက ကျောင်းဆရာကပါ လိင်ပိုင်းဆိုင်ရာကျူးလွန်တော့ ကျမတို့ အနေေနဲ့ ကလေးတွေကို ဘယ်လို ကျောင်းလွှတ်ရမှာလဲ၊ အရေးယူသူကလည်း အပေါ်ယံပဲလုပ်တော့ ကျမတို့ပြည်သူကို စိတ်ချစေချင်တယ်” ၎င်းက တောင်းဆိုလိုက်သည်။

အလုပ်သင် သတင်းထောက် နန်းခမ်းကူ ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...