မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။

လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။

ထို့ကြောင့် စစ်ကောင်စီအတွက် အရေးပါသည့် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးရင်းဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မိုးဗြဲ မြေပြင် စစ်ရေးသတင်းအရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က ဒီတခါပြန်တိုးနေတာကလည်း နယ်မြေစိုးမိုးဖို့နဲ့ အုပ်ချုပ်ရေး ယန္တယားကို ပြန်လုပ်နိုင်ဖို့ ဖြစ်မယ်။စစ်ရေးအရလည်း ကရင်နီကို ထိန်းချုပ်ဖို့ မိုးဗြဲကလည်း အရေးကြီးတဲ့ နေရာ ဖြစ်နေတာလည်း ပါတယ်။သူတို့က စစ်မှုမထမ်းမနေရ အမိန့်နဲ့ဆိုတော့ လူသစ်ပိုစုပြီး အင်အားလည်း ဖြည့်နိုင်တယ်လေ။”ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီထိုးစစ်ဆင် တိုက်ခိုက်နေသည့် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းသည် ကရင်တော်လှန်ရေးတပ်ပေါင်းစုတို့ အတွက်လည်း အရေးပါနေပြီး ကရင်နီပြည်၏ ဝင်ပေါက်လည်း ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် (မေလ ၁၃ ရက်)တွင် မိုးဗြဲမြို့ အနောက်ဘက်ရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ အချို့ကို စစ်ကော်မရှင်တပ် နှင့် PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ကာကင်အချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများခဲ့ကြောင့် စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“စစ်ကောင်စီဖက်ကနေ စစ်ကြောင်းထိုးလာလို့ ကာကင်းနှစ်ခု နောက်ဆုတ်ပေးလိုက်ရပါတယ်။(မေလ ၁၄ ရက်) ပြန်ထိုးစစ်ဆင်တော့ ကာကင်းတစ်ခုတော့ ပြန်ရပြီ။ကျနော်တို့ဖက်လည်း အကျဆုံးရှိသလို စစ်ကောင်စီဖက်ကလည်း အကျအဆုံးရှိပါတယ်။သူတို့ သုံးနေတဲ့ ဒရုန်းတွေကလည်း အရင်က ထပ်ပိုကောင်းလာသလို ပိုလည်း များလာပါတယ်။”ဟု ၎င်းကပြောသည်။

မိုးဗြဲစက်တော် နှင့် လွယ်ဝိုင်းရွာဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်ထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖယ်ခုံမြို့ အနောက်ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိ ကာကင်းများကို စစ်ကောင်စီက ကင်းပတ်နေပြီ အင်အားများကိုလည်း ဆက်လက်ဖြည့်ထားကြောင်း စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဦးကဆက် ပြောသည်။

“မိုးဗြဲ နဲ့ ဖယ်ခုံ ကာကင်းတွေနဲ့ ကျနော်တို့က တကြောထဲပါ။စစ်ကောင်စီတွေနဲ့ကလည်း နီးနေပါပြီ။ မိနစ်ပိုင်းလောက်ပဲ ဝေးတယ်။ သူတို့လည်း ဝင်ဖို့လုပ်ရှားနေတယ်။သူတို့ဘက်မှာ တွေ့ရသလောက်တော့ကား ၉ စီးနဲ့ လူအင်အား (၂၀၀) ထပ်မနည်းဘူး။ ပစ်ခွင့်လည်းမရှိသေးလို့ သူတို့ကို မြင်တာကမြင်နေရတယ်။”ဟု စနိုက်ဘာရှေ့တန်း ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ အနီးရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကာကင်းများတွင် အမှတ်( ၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)၊ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများ ကာကွယ်ရေးတပ် SSNDF /KNDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) PNDF-KK၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) စသည့် တပ်ဖွဲ့များက ပူးပေါင်း ကာကွယ်ထားကြကြောင်း တော်လှန်ရေး ရှေ့တန်းရဲဘော်များက ပြောသည်။

မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အနီးအနားရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ ကာကင်းများကို မကြာခဏဆိုသလို စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။

စိုင်းဆိုင်အိုက်၊၂၀၂၆ မေလ ၁၅ ရက်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...