နောင်ချိုမြို့ CDM ပြုလုပ်သည့် ဒု – မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ၊ နောင်ချိုမြို့ ဒု – မြို့နယ် အုပ်ချုပ်ရေးမှူးသည် CDM လုပ်ပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှု ဦးဌေးလင်းအောင်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်သည် ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပျောက်ကွယ်သွားသည့်နေမှစပြီး မည်သည့် သတင်းတစ်စုံတစ်ရာမှ မရရှိဘဲ မိသားစုဝင်များနှင့်လည်း လုံဝ အဆက်အသွယ် ပျက်သွားခဲ့ကြောင်း သိရသည်။

စစ်ကြောရေးအတွင်း ဦးဌေးလင်းအောင် သေဆုံးခဲ့သည်ကို ၎င်းမိသားစုဝင်များက ယခုနှစ် ဇူလိုင်လပိုင်းတွင် ကြားသိခဲ့ရသည်။

“သူအရင်နှစ်ကတည်းက ပျောက်သွားတာ။ သူပျောက်သွားကတည်းက ဘာသတင်းမှ မရတော့ဘူး။ အဆက်သွယ်လည်း မရတော့ဘူး။ သူက ကျောက်မဲဘက်ကို လုပ်စရာရှိတယ်ပြောပြီး ထွက်သွားခဲ့တာ။ အဲ့နေ့ ကနေ ပြန်မလာတော့ဘူး။ နောက်မှသိလိုက်တာက သူ့ကို ကျောက်မဲ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာတဲ့။ အဲ့တာနဲ့ စစ်ကြောရေးမှာ ဟိုဘက်က လက်လွန်ပြီးတော့ ဆုံးသွားပြီတဲ့။ ကျနော်တို့လည်း အခုမှ သိရတာ” ဟု နီးစပ်သူက ပြောသည်။

အဆိုပါ ဦးဌေးလင်းအောင် ပျောက်သွားသည့်နေ့မှစပြီး ၎င်း၏ မိသားစုဝင်များက ထောင်အသီးသီး နှင့် စစ်ကြောရေးတွင် လိုက်ရှာခဲ့သော်လည်း မည်သည့် သတင်းမှ မရရှိခဲ့ပေ။

ထို့နောက် ဦးဌေးလင်းအောင် ၏ မိသားစုဝင်များက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( ICRC) အကူညီတောင်းပြီ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ သူပျောက်သွားတာတော့ အကုန်လိုက်စုံစမ်းတယ်။ တစ်ချို့ အဖွဲ့စည်းတွေနား အကူညီတောင်းပြီးတော့လည်း ရှာတယ်။ ကမ္ဘ့ာကြက်ခြေနီအသင်းတို့ ၊ နိုင်ငံရေး အကျဉ်းသားများကို စောင့်ရှောက်တဲ့ အဖွဲ့တွေကနေ စုံစမ်းခိုင်းတယ်။ သူ့နာမည်နဲ့က လုံးဝ မတွေ့ဘူးတဲ့။ တစ်နှစ်ကျော် ရှာမတွေ့ဘူး။ အခုချိန်ထိလည်း သူသေသွားပြီလို့ ကြားသိရတယ်။ ဒါမဲ့ သူ့ ရုပ်အလောင်းကိုတော့ ပြန်မတွေ့ရသေးဘူး” ဟု မိသားစုဝင်က ပြောသည်။

လက်ရှိမှာ ဦးဌေးလင်းအောင်၏ မိသားစုဝင်များသည် ၎င်းနှင့် ပြန်လည်တွေ့ဆုံနိုင်ရန်အတွက် မျှော်လင့်နေကြဆဲဟုဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား (၃,၇၄၄) ဦး သေဆုံးသွားခဲ့ပြီး ၊ (၁၉,၃၁၂) က ဖမ်းဆီးခံရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...