Friday, May 3, 2024

ညောင်ရွှေ CDM ကျန်းမာရေးဝန်းထမ်း ၃ ဦး ဖမ်းဆီးခံရ၊ ပြန်မလွှတ်လာသေး

Must read

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်း နေထိုင်သည့် CDM ကျန်းမာရေးဝန်ထမ်း ၃ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အင်းလေးဒေသမှ တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ

ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ရက်) တွင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာနေ CDM ကျန်းမာရေးဝန်ထမ်း လင်မယားအပါအဝင် ရွာကြီးတောင်နေ သူနာပြု ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း အင်းလေးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အင်းထဲမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ အဖမ်းခံရတယ်။ အခုထိ မလွှတ်သေးဘူး။ မိုင်းပျိုးရွာက ဆရာဝန်လင်မယား ဖမ်းခံရတယ်။ သူ့မိန်းမက သူနာပြုပါ။ ရွာကြီးတောင်က သူနာပြုတစ်ယောက်လည်း ပါတယ်။ နောက်ဘယ်သူတွေပါသေးလဲတော့မသိဘူး “ ဟု ၎င်းက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရထားသည့် ကျန်းမာရေးဝန်ထမ်း CDM ၃ ဦးသည် ၎င်းတို့မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ခံထားရပြီး တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း ဒေသခံ က ဆက်လက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ဝှမ်းရှိ ပြည်သူ ၂၅,၃၅၃ ဦး ဖမ်းဆီးခံထားရပြီး၊ ထိန်းသိမ်းခံထားရသူ ၁၉,၆၃၂ ရှိကာ သတ်ဖြတ်ခံရသူ ၄,၁၆၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ အောက်တိုဘာ ၂၇ရက်က ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article