လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့် အချက်အလက် တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ခြင်းကြောင့် အချက်အလက်များကို ကြည့်၍ ဖမ်းဆီးခံရသည့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ရှိနေကြောင်း လွိုင်ကော်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဒီမြို့အဝင်အထွက်ဂိတ်က စစ်ဆေးမှု ပိုတင်းကြပ်နေတယ်။ ဖုန်းတွေရော၊ မှတ်ပုံတင်တွေက အချက်အလက် အကုန်ထွက်အောင် Tablet စက်နဲ့စစ်တာ။ တချို့တွေကြတော့ အိမ်ကိုပြန်ကြည့်တာ အဲ့လိုစစ်ဆေးမှု တင်းကြပ်ချိန်နဲ့ တိုးတာပေါ့။ မှတ်ပုံတင်စစ်လိုက်ရင် အကုန်ပေါ်တယ် အချက်အလက်တွေ၊ အဲ့ကြောင့်ဖမ်းခံရတဲ့ လူဦးရေက ၁၀ ယောက်လောက်ရှိမယ် အသိနှစ်ယောက် ပါတယ်”ဟု လွိုင်ကော်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

လွိုင်ကော်စစ်ရှောင်

Tablet ပါ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးမှုကို လွိုင်ကော်မြို့ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းဝန်း စစ်ဆေးရေးဂိတ်တွင်ပြုလုပ်စစ်ဆေးနေကြောင်း လွိုင်ကော်မြို့ ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့တွင် သင်္ကြန်ပွဲ ပြုလုပ်ရန်နှင့် မိုးဗြဲ-ဖယ်ခုံ နယ်စပ်တကြောတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လွိုင်ကော်မြို့တွင် လုံခြုံရေးပိုင်း ပို၍ စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ မတ်လထဲတွင် စစ်ကောင်စီ၏ ဖိအားကြောင့် လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်များလည်း နေရပ်သို့ ပြန်လာနေကြပြီး ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနည်းဆုံး ၄ ခုခန့် ထားရှိပြီး မှတ်ပုံတင် ပါမှသာ မြို့ထဲသို့ သွားလာခွင့်ပြုသည်။

အလားတူ ဆီဆိုင် – လွိုင်ကော်မြို့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ဂိတ် စုစုပေါင်း ၁၅ ခုထက်မနည်း ရှိကြောင်းသိရသည်။

လွိုင်ကော်-ဆီဆိုင်လမ်း တကြောတွင် စစ်ကောင်စီတပ်မှ နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲထိတွေ့မှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် ခရီးသွားလာခြင်းမပြုလုပ်ရန် KNDF မှ သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...