CDM
ကိုးကန့်တိုက်ပွဲတွင် သူရဘွဲ့ရသည့် ဒု-တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တိုက်ပွဲမှ သူရဘွဲ့ ရရှိသည့် ဒု တပ်ကြပ် ရဲတပ်သား တစ်ဦးသည် CDM ပြုလုပ်လာကာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု ပြုလုပ်လာခဲ့ကြောင်း သိရသည်။ မုံးကိုးဒေသအတွင်းတွင် တာဝန်ကျစဉ် MNDAA ကိုးကန့်တပ်စခန်း ဖြစ်သည့် ပွိုင့် (၄၅၂၇) နှင့် သံခမောက်ကုန်း...
စစ်ကောင်စီမှ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်နေ ဟု NUG ပညာရေး ဒုဝန်ကြီးပြော
SHAN -
Kaung for you ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ/မ များကို ဖမ်းဆီးခြင်းသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ယုတ်မာစွာလူမဆန်မှုဟု (NUG) ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် ကပြောဆိုလိုက်သည်။ Kaung 4u ကျောင်းဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဆရာကောင်းသိုက်စိုး အဖမ်းခံရသည့်...
ပင်းတယမြို့နယ် CDM ပညာရေးရုံးဝန်ထမ်း ဒေါ်မိုးမိုးအေး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် CDM ပညာရေး ရုံးဝန်ထမ်း ဒေါ်မိုးမိုးအေးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၆) ရက် ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ကား (၂) စီး စစ်အင်အားအပြည့်ဖြင့် ပင်းတယမြို့နယ် မိုင်းအင်းကျေးရွာသို့ရောက်လာပြီး ဒေါ်မိုးမိုးအေးကို လာရောက်ဖမ်းဆီးသွားကြောင်း...
ကျောက်မဲမြို့နယ် စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာမှု ရှိနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စု၏ အနောက်ဘက်ရှိ ဘုန်းကြီးကျောင်း အနီး တွင်...
ကျောက်မဲမြို့နယ် စာသင်ကျောင်းများ CDM ပညာရေးဝန်ထမ်းများသာ ခန့်အပ်ရန် TNLA ညွှန်ကြား
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းများတွင် CDM ဆရာ/ ဆရာမ များကိုသာ ခန့်အပ်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့မှ ညွှန်ကြားထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင်...
မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင်...
Non-CDM ဆရာမများ ကျောင်းလာအပ်သူများကို အတင်းအဓမ္မ ကျုရှင်တက်ခိုင်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ အထက (၁) ကျောင်းရှိ Non-CDM ဆရာမများသည် ကျောင်းလာအပ်သည့် ကျောင်းသားများကို အတင်းအဓမ္မ ကျုရှင် တက်ခိုင်းနေသည်ဟု စုံစမ်းသိရသည် ။ဟိုပုံးမြို့ ရှိ အထက (၁) ကျောင်းတွင် ကျောင်းလာအပ်သည့် ကျောင်းသား/သူ များကို ကျုရှင်တက်ခိုင်းပြီး မတက်လျှင် ကျောင်းခန်းထဲကို...
ပင်းတယမြို့ CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့တွင် CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့် ဇွန်လ ၁ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်မှ ရွာများအထိ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်းသိရသည်။“အဲ့နေ့ည...
ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး သံဝန်ထမ်းအမျိုးသမီးတစ်ဦး CDM ပါဝင်
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံဝန်ထမ်းအမျိုးသမီး ဒေါ်မြသိင်္ဂီသည် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြောင်း စုံစမ်းသိရသည်။ ဒေါ်မြသိင်္ဂီသည် မေ (၃)ရက်မှစတင်ပြီး CDM တွင် ပူးပေါင်းပါ၀င်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ကြေညာထားလိုက်သည်။ " ရွေးကောက်ခံအစိုးရ ရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့...
ဖယ်ခုံမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်းများ NUG ကပေးသည့် ထောက်ပံ့ကြေးမရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများသည် NUG အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ကြေးငွေများ မရရှိသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်အတွင်း ဧပြီ ၂၅ ရက်နေ့က CDM ပြုလုပ်သည့် စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်း (၂၀၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ...





