Wednesday, January 28, 2026

ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး သံဝန်ထမ်းအမျိုးသမီးတစ်ဦး CDM ပါဝင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံဝန်ထမ်းအမျိုးသမီး ဒေါ်မြသိင်္ဂီသည် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြောင်း စုံစမ်းသိရသည်။

ချင်းမိုင်း သံရုံး၀န်ထမ်း ဒေါ်မြသိင်္ဂီ

ဒေါ်မြသိင်္ဂီသည် မေ (၃)ရက်မှစတင်ပြီး CDM တွင် ပူးပေါင်းပါ၀င်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ကြေညာထားလိုက်သည်။

” ရွေးကောက်ခံအစိုးရ ရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့ သံဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် မတရား အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လို့တဲ့အပြင် နိုင်ငံတကာ စာမျက်နှာမှာလည်း တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာကြောင့် CDMလုပ်လိုက်တာ” ဟု ဒေါ်မြသိင်္ဂီ က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

အဆိုပါ တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီ ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံ ပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နင်းမှုများကို လုံးဝ လက်ခံနိုင်ခြင်း မရှိသည့်အတွက် CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင့် အတူ ပြည်သူ့ဘက်မှ ရပ်တည်ပြီး Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ကြောင်းလည်း သူမက ရေးသားထားသည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူ ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိကြောင်း ဒေါ်မြသိင်္ဂီ က ဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရ ကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်သည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံနိုင်သည့်အတွက် CDM လှုပ်ရှားမှုကို အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ဌာနအသီးသီးက ဝန်ထမ်းတွေဟာ ဆောင်ရွက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...