ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး သံဝန်ထမ်းအမျိုးသမီးတစ်ဦး CDM ပါဝင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံဝန်ထမ်းအမျိုးသမီး ဒေါ်မြသိင်္ဂီသည် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြောင်း စုံစမ်းသိရသည်။

ချင်းမိုင်း သံရုံး၀န်ထမ်း ဒေါ်မြသိင်္ဂီ

ဒေါ်မြသိင်္ဂီသည် မေ (၃)ရက်မှစတင်ပြီး CDM တွင် ပူးပေါင်းပါ၀င်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ကြေညာထားလိုက်သည်။

” ရွေးကောက်ခံအစိုးရ ရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့ သံဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် မတရား အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လို့တဲ့အပြင် နိုင်ငံတကာ စာမျက်နှာမှာလည်း တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာကြောင့် CDMလုပ်လိုက်တာ” ဟု ဒေါ်မြသိင်္ဂီ က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

အဆိုပါ တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီ ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံ ပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နင်းမှုများကို လုံးဝ လက်ခံနိုင်ခြင်း မရှိသည့်အတွက် CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင့် အတူ ပြည်သူ့ဘက်မှ ရပ်တည်ပြီး Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ကြောင်းလည်း သူမက ရေးသားထားသည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူ ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိကြောင်း ဒေါ်မြသိင်္ဂီ က ဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရ ကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်သည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံနိုင်သည့်အတွက် CDM လှုပ်ရှားမှုကို အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ဌာနအသီးသီးက ဝန်ထမ်းတွေဟာ ဆောင်ရွက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...