Wednesday, January 28, 2026

စစ်ကောင်စီမှ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်နေ ဟု NUG ပညာရေး ဒုဝန်ကြီးပြော

Kaung for you ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ/မ များကို ဖမ်းဆီးခြင်းသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ယုတ်မာစွာလူမဆန်မှုဟု (NUG) ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် ကပြောဆိုလိုက်သည်။

Kaung 4u ကျောင်းဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဆရာကောင်းသိုက်စိုး အဖမ်းခံရသည့် သတင်း နှင့် အတူ ဆရာ/ မ တချို့လည်းဖမ်းခံရသည်။

“Kaung 4u အနေနဲ့ စီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ရှိကြောင်းခံယူပြီးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ် အခွင့်ကောင်းယူပြီး စာသင်ကြားပေးနေတဲ့ ဆရာ/မတွေကိုဖမ်းဆီးတာ က လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေပဲဖြစ်ပါတယ်” ဟု NUG ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန် က ပြောဆိုလိုက်သည်။

Kaung for you

လက်ရှိအချိန်တွင် လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် နှင့် ပညာရေးဝန်ကြီး ဌာနမှ အဖြစ်အပျက်များအပေါ် ပြည်သူကို အသိပေးစာထုတ်ပေးရန် ပြင်ဆင်နေသည်ဟုလည်း ပညာရေးဒုဝန်ကြီးက သူမ ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် မတက်ချင်သော ကျောင်းသူ၊သား များအတွက် (Kaung for you) ပညာရေးအွန်လိုင်းကျောင်းများ ဖွင့်လှစ်လာခြင်း ဖြစ်သည်။

(NUG)ပညာရေးဝန်ကြီး ဂျာထွယ်ပန်

ထိုသို့ ဖွင့်လှစ်လာပြီးနောက် (kaung for you ) ကျောင်းတွင် စာသင်နေသော ကျောင်းဆရာ၊မ များကို စစ်ကောင်စီမှ နေရပ်လိပ်စာ အတိအကျ နှင့် ဖမ်းဆီးခဲ့ပြီးနောက် ထိုကျောင်းမှ စာသင်ကြားနေသော ကျောင်းသူတစ်ဦးက မိမိလုံခြုံရေးအတွက် စိုးရိမ်နေလျက်ရှိကြောင်း သျှမ်းပြည်တောင်ပိုင်း နဝမတန်းကျောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းက ဆရာ၊မ တွေဖမ်းခံရတယ်ကြားပြီး ညီမတို့တောင် ပိတ်ထားရတယ်၊ အရင်ကလည်း ခြိမ်းခြောက်ခံရတယ် ၊ အဲ့ကျောင်း တက်တဲ့သူကို လိုက်ဖမ်းမယ်လို့လည်း ပြောတယ်၊ ညီမတို့လည်း သတိထားပြီး နေနေရတယ်၊ လုံခြုံရေးစိုးရိမ်နေရတယ်” ဟု (Kaung for you) ကျောင်းသူတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းတွင်စာသင်ပေးနေသော ကျောင်းဆရာ၊မများမှ မကွေးတိုင်းတွင် (၅) ဦး ၊ မန္တလေးတိုင်း မြစ်သားမှ (၄) ဦးနှင့် သျှမ်းပြည်တောင်ပိုင်း ကလောတွင် (၁) ဦး တို့သည် စစ်ကောင်စီ ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...