စစ်ကောင်စီမှ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်နေ ဟု NUG ပညာရေး ဒုဝန်ကြီးပြော

Kaung for you ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ/မ များကို ဖမ်းဆီးခြင်းသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ယုတ်မာစွာလူမဆန်မှုဟု (NUG) ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် ကပြောဆိုလိုက်သည်။

Kaung 4u ကျောင်းဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဆရာကောင်းသိုက်စိုး အဖမ်းခံရသည့် သတင်း နှင့် အတူ ဆရာ/ မ တချို့လည်းဖမ်းခံရသည်။

“Kaung 4u အနေနဲ့ စီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ရှိကြောင်းခံယူပြီးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ် အခွင့်ကောင်းယူပြီး စာသင်ကြားပေးနေတဲ့ ဆရာ/မတွေကိုဖမ်းဆီးတာ က လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေပဲဖြစ်ပါတယ်” ဟု NUG ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန် က ပြောဆိုလိုက်သည်။

Kaung for you

လက်ရှိအချိန်တွင် လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် နှင့် ပညာရေးဝန်ကြီး ဌာနမှ အဖြစ်အပျက်များအပေါ် ပြည်သူကို အသိပေးစာထုတ်ပေးရန် ပြင်ဆင်နေသည်ဟုလည်း ပညာရေးဒုဝန်ကြီးက သူမ ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် မတက်ချင်သော ကျောင်းသူ၊သား များအတွက် (Kaung for you) ပညာရေးအွန်လိုင်းကျောင်းများ ဖွင့်လှစ်လာခြင်း ဖြစ်သည်။

(NUG)ပညာရေးဝန်ကြီး ဂျာထွယ်ပန်

ထိုသို့ ဖွင့်လှစ်လာပြီးနောက် (kaung for you ) ကျောင်းတွင် စာသင်နေသော ကျောင်းဆရာ၊မ များကို စစ်ကောင်စီမှ နေရပ်လိပ်စာ အတိအကျ နှင့် ဖမ်းဆီးခဲ့ပြီးနောက် ထိုကျောင်းမှ စာသင်ကြားနေသော ကျောင်းသူတစ်ဦးက မိမိလုံခြုံရေးအတွက် စိုးရိမ်နေလျက်ရှိကြောင်း သျှမ်းပြည်တောင်ပိုင်း နဝမတန်းကျောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းက ဆရာ၊မ တွေဖမ်းခံရတယ်ကြားပြီး ညီမတို့တောင် ပိတ်ထားရတယ်၊ အရင်ကလည်း ခြိမ်းခြောက်ခံရတယ် ၊ အဲ့ကျောင်း တက်တဲ့သူကို လိုက်ဖမ်းမယ်လို့လည်း ပြောတယ်၊ ညီမတို့လည်း သတိထားပြီး နေနေရတယ်၊ လုံခြုံရေးစိုးရိမ်နေရတယ်” ဟု (Kaung for you) ကျောင်းသူတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းတွင်စာသင်ပေးနေသော ကျောင်းဆရာ၊မများမှ မကွေးတိုင်းတွင် (၅) ဦး ၊ မန္တလေးတိုင်း မြစ်သားမှ (၄) ဦးနှင့် သျှမ်းပြည်တောင်ပိုင်း ကလောတွင် (၁) ဦး တို့သည် စစ်ကောင်စီ ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...