Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်းများ NUG ကပေးသည့် ထောက်ပံ့ကြေးမရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများသည် NUG အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ကြေးငွေများ မရရှိသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။


ဖယ်ခုံမြို့နယ်အတွင်း ဧပြီ ၂၅ ရက်နေ့က CDM ပြုလုပ်သည့် စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်း (၂၀၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်ဦးကို ၆ သောင်း ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး ထိုထဲတွင် CDM ပညာရေး၀န်ထမ်းများ မပါ၀င်ကြောင်း သိရသည်။


“ ကျမတို့ ပညာရေးဝန်ထမ်းထဲက ဘယ်သူမှ မရကြသေးဘူး။ ကျမတို့လည်းမရသေးဘူး။ ဖြစ်နိုင်ရင်တော့ ကျမတို့ကိုလည်း ထောက်ပံ့ပေးစေချင်တာပေါ့။ အခုက နိုင်ငံရေးမကောင်းတော့ ကျမတို့ CDM သမားတွေအတွက်လည်း ခက်ခဲတယ်လေ။ ကုန်ဈေးနှုန်းလည်းတက်တော့ စားဝတ်နေရေးအတွက်လည်း ခက်ခဲတယ်” ဟု ဖယ်ခုံမြို့နယ်အတွင်း CDM ပြုလုပ်သည့် ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်က CD‌M ဝန်ထမ်းများ ဆန္ဒပြစဉ်

ဖယ်ခုံမြို့နယ်အတွင်းတွင် CDM ဝန်ထမ်းပြုလုပ်သူ (၂၀၆) ဦးထက်မကကြောင်း၊ နာမည်စာရင်းမပါသူလည်း အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

“ ပညာရေးဝန်ထမ်းမပါဘူး။ အဲဒီထောက်ပံ့ကြေးက မရကြဘူး။ ပြီးတော့ ဖယ်ခုံမှာ CDM ဝန်ထမ်းပြုလုပ်တဲ့ သူတွေက အများကြီးကျန်သေးတယ်။ နာမည်စာရင်းမပါတဲ့ သူတွေလည်း အများကျန်ရှိနေသေးတယ်။ ကျန်တဲ့သူတွေကလည်း ထောက်ပံ့ကြေးမရရှိကြဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ဖယ်ခုံမြို့နယ်တွင် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း (၇၀၀) ကျော်ကျန်ရှိနေသေးကြောင်း CDM ပြုလုပ်သည့် ဆရာများထံတွင် သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

0
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

0
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင် က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း...

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...