စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင် က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း စစ်ဘေးရှောင်နေသည့် ဖယ်ခုံမြို့နယ် ဒေသခံများကို နေရပ်ပြန်ခိုင်းနေကြောင်း ဖယ်ခုံသျှမ်းလူငယ်များ အသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးက ဖယ်ခုံမြို့အနီးနားမှာ ရှိတဲ့ ရွာတွေကို ‌ပြန်နေခိုင်းတယ်။ စာသင်ကျောင်းတွေ အကုန်နီးပါး ၁၈ ရက်က ပြန်ဖွင့်တယ်။” ဖယ်ခုံသျှမ်းလူငယ်များ အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် နှင့် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ဘေးရှောင်လာသည့် ဖယ်ခုံဒေသခံအများစုသည် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်အတွင်းတွင်လည်း နေရပ်ပြန်နေကြကြောင်း ညောင်ရွှေမြို့ စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ထပ်မံလောင်းပြောသည်။

“အခုက ဖယ်ခုံက စစ်ရှောင်တွေ ပြန်တော့ပြန်နေကြပါပြီ။ကလေးကို ဒီမာကျောင်းနေတဲ့လူတွေက သွားသွားပြန်ပြန်လုပ်နေတာပါ။သူတို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်ပြန်ဖို့ တဆင့် ပြောနေတာမျိုး တွေတော့ ရှိနေပါတယ်။နေအိမ်တွေမီးရှို့ခံရတဲ့လူတွေက အစပြန်နေရပ်ပြန် သွားကြပါပြီ။”ဟု ညောင်ရွှေမြို့စစ်ဘေးရှောင် ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင် ပြန်လည်းထိန်းချုပ်နေသည့် ဖယ်ခုံမြို့နယ်တွင် ပညာရေးဝန်းထမ်းများကိုပါ ပြန်ခေါ်ပြီး အခြေခံပညာ အလယ်တန် နှင့် အထက်တန်းကျောင်းများကိုလည်း ပြန်ဖွင့်နေကြောင်း သိရသည်။

စစ်ရေးအရ အ‌ရေးပါသော ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်ထား ပြီး‌နောက် ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးကို နေ့စဉ် ယာဉ်လိုင်းကားတွေ ပြန်လည် ပြေးဆွဲနေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ လ ဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည်း ထိန်းချုပ်နိုင်ရန် တော်လှန်ရေး တပ်ပေါင်းစုများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ကာ ဒေသခံ ၁ သောင်းဝန်ကျင်သည် နီးစပ်ရာမြို့ သို့ စစ်ဘေးရှောင်သိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...